IS များအား လေကြောင်းမှ တိုက်ခိုက်မှုသည် နောက်ဆုံးအကြိမ်မဟုတ်ဟု သမ္မတ ဂျိုးဘိုင်ဒင်ဆို

0
86
ဝါရှင်တန်၊ သြဂုတ် ၃၀
ကဘူးလ်လေဆိပ်တွင် အကြမ်းဖက်ဖေါက်ခွဲမှု များပြုလုပ်ခဲ့သည့် IS များအား သောကြာနေ့က Drone လေယာဉ်ဖြင့်တိုက်ခိုက်ခဲ့ခြင်းသည် နောက်ဆုံးအကြိမ် မဟုတ်ကြောင်း အမေရိကန်ပြည်ထောင်စုသမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားလိုက်သည်။
ကဘူးလ်လေဆိပ် အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့ကြသူများအားလုံး မိမိတို့ပြုခဲ့သည့် ကိစ္စအတွက် ပြန်လည်ပေးဆပ်ရစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း သူကဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၆ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ဟာမစ်ကာဇိုင်းလေဆိပ်တွင် အကြမ်းဖက် တိုက်ခိုက် မှုနှင့်ဖောက်ခွဲမှု များဖြစ်ပွားခဲ့ရာ အမေရိကန် တပ်ဖွဲ့ဝင် ၁၃ ဦးအပါအဝင် လူပေါင်းတစ်ရာကျော်သေဆုံးခဲ့သည်။ ထို့ကြောင့် ဖောက်ခွဲမှုကို ကြိုးကိုင်စီစဉ်သည့် ISIS-K အဖွဲ့အား အမေရိကန်လေတပ်မှ မောင်းသူမဲ့ Drone လေယာဉ်ဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။
သို့ရာတွင် ထိုသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းသည် ဒိုဟာသဘောတူညီချက်(Doha Agreement)ကို ဆန့်ကျင်ချိုးဖောက်ခြင်းဖြစ်ကြောင်း တာလီဘန်နိုင်ငံရေးဆိုင်ရာရုံးမှအဖွဲ့ဝင်တစ်ဦးAbdulhaq Wasiq ကပြောကြောင်း Tolo ရုပ်သံဌာနမှ သတင်းတွင်ဖော်ပြထားသည်။
“ကျွန်တော်တို့နဲ့ အမေရိကန်တွေဟာ ဒိုဟာသဘောတူညီချက်ကို လက်မှတ်ထိုးထားကြပါတယ်။ အဲဒီသဘောတူညီချက်အရ သူတို့ ဆုတ်ခွာ ပြီး တဲ့နောက် အာဖဂန်နစ္စတန်နိုင်ငံရဲ့ အရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ခွင့်မရှိပါဘူး”ဟုလည်း Abdulhaq Wasiq ကပြောခြင်းဖြစ်သည်။
Ref: Biden: Another attack likely, pledges more strikes on IS


LEAVE A REPLY

Please enter your comment!
Please enter your name here