ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်နဲ့တစ်ကြိမ် ကြား ကိုဗစ်ပိုး ကူးစက်ခံရသည့်အခါ လိုအပ်ချက်များကို ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေး ဗဟိုဦးစီး (CDC) မှ ထုတ်ပြန်

0
149

ရန်ကုန်၊ ဩဂုတ် ၃၀

ပထမဆုံးအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးချိန်နှင့် ဒုတိယအကြိမ်အကြား COVID-19 ကာကွယ်ဆေး အာနိသင်မပေါ်ခင်စပ်ကြားတွင် အခြား သူများထံမှ ဗိုင်းရပ်စ် ကူးစက်ခံရသည့်အခါ ဒုတိယအကြိမ် ကာကွယ်ဆေးကို ဘယ်လိုလုပ်ရပါသလဲ ဘယ်အချိန်ထိုး ရမလဲနှင့် ပတ်သက်၍ Center for Disease Control and Prevention (CDC) က ထပ်မံထုတ်ပြန်ထားသည်။

ဆေးနှစ်ကြိမ်ထိုးရန် လိုအပ်သောကာကွယ်ဆေးအား ဒုတိယအကြိမ်အဖြစ် ဆက်ထိုးသင့်ပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးထားမှသာ စိတ်ချသေချာ ရမည်ဖြစ်သည်။

ဆေးထိုးမည်ဆိုပါက နာမကျန်းဖြစ်မှုမှပြန်လည်ကောင်းမွန်လာပြီး COVID-19 လက္ခဏာမရှိတော့သည်အထိ မိမိကိုယ်ကိုသေချာအောင် စစ်ဆေး သင့်ပြီး ရောဂါလက္ခဏာများ စတင်ပေါ်လာကတည်းကအနည်းဆုံး ၁၀ ရက်ကျော်သွားပြီးဖြစ်ရမည်။ အဖျားကျဆေး မသုံးဘဲ အနည်းဆုံး ၂၄ နာရီအဖျားမရှိသူဖြစ်ရမည်ဟု ပြောကြားထားသည်။

အခြားသူများအား မကူးစက်ရန်အရေးကြီးသောကြောင့် ကာကွယ်ဆေးအား ယခင်စီစဉ်ထားသည့် ရက်ကျော်ရင်လျှင် ကျော်နိုင်ပြီး ချိန်းထားသည့်ရက်နှင့် အတတ်နိုင်ဆုံးအနီးစပ်ဆုံး ဖြစ်အောင်လုပ်ရမည်ဟုလည်း သိရသည်။

သို့သော် ယခင်က လက္ခဏာပြင်းထန်လျှင် ၂၈ ရက်ခြားစေရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here