ကိုဗစ်-၁၉ တွေ့ရှိမှု လျော့ကျလာသည့် နေပြည်တော်တွင် တစ်ရက်အတွင်း ပိုးတွေ့လူနာသစ် ၁၇၆ ဦး ထပ်တွေ့ခဲ့

0
104

နေပြည်တော် ဩဂုတ် ၃၀

နေပြည်တော်ပြည်ထောင်စု နယ်မြေအတွင်း ကိုဗစ်-၁၉ တွေ့ရှိမှု လျော့ကျလာသော်လည်း ဩဂုတ် ၂၈ ရက်နေ့ တစ်ရက်အတွင်း ပိုးတွေ့ လူနာသစ် ၁၇၆ ဦးထပ်မံတွေ့ရှိခဲ့ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နေပြည်တော်တွင် ယခုဩဂုတ်လအတွင်း ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုမှာ ပြီးခဲ့သည့် ဇူလိုင်လအောက် လျော့ကျမှု ရှိလာလျက်ရှိပြီး ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း၊ ဩဂုတ် လအတွင်း နေ့စဉ်ပိုးတွေ့လူနာ ရှိနေသော်လည်း ဩဂုတ် ၂၈ ရက်နေ့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၁၇၆ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၃ ဦးသာရှိခဲ့ခြင်းဖြစ်သည်။

” ပြီးခဲ့တဲ့ လနဲ့ ယှဉ်ရင်တော့ ဒီလထဲမှာ နေပြည်တော်အတွင်း ပိုးတွေ့မှုနှုန်းက လျော့ကျလာပါတယ်။ ဟုတ်ပါတယ် ဩဂုတ် ၂၈ ရက်နေ့ တစ်ရက်အတွင်းမှာကို ပိုးတွေ့လူနာဦးရေ ၁၇၆ ဦးထိ ရှိခဲ့ပါတယ်။ ဒီလထဲမှာက တစ်ရက်မှ ၆၀ ၊ ၇၀ ကျော်၊ ၁၀၀ ဝန်းကျင်လောက်ပဲ တွေ့နေခဲ့ရာကနေ မနေ့က ၂၀၀ နီးပါးလောက်ထိ တွေ့ခဲ့တာပါ။ မနေ့က ပိုးတွေ့တဲ့ထဲမှာတော့ ဇမ္ဗူသီရိမြို့နယ်က အများဆုံးပါ။ သက်ဆိုင်ရာ ဆေးရုံတို့ Quarantine site တို့မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူက ၅၀၀ ကျော်ရှိပါတယ်။ ဆေးရုံ တက်ရောက်နေရသေးတဲ့လူနာက ၁၁၅၁ ရှိနေပါတယ်။” ဟု နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြော သည်။

နေပြည်တော်တွင် ဩဂုတ်လ ၂၈ ရက်နေ့ ပိုးတွေ့လူနာသစ်များစာရင်းများမှာ ဇမ္ဗူသီရိမြို့နယ်တွင် ၆၄ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် ၃ ဦး၊ ဥတ္တရသီရိမြို့နယ်တွင် ၈ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၄ ဦး၊ ဇေယျာသီရိမြို့နယိတွင် ၁၇ ဦး၊ ပျဉ်းမနားမြို့နယ်တွင် ၆ ဦး၊ လယ်ဝေးမြို့နယိ တွင် ၁၆ ဦး၊ တပ်ကုန်မြို့နယ်တွင် ၃၇ ဦးနှင့် နေပြည်တော် နယ်မြေပြင်ပမှ ဝင်လာသူ ၁ ဦး စုစုပေါင်း ၁၇၆ ဦးတို့ဖြစ်ကြပြီး သေဆုံးသူ သုံးဦး ရှိခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here