ရခိုင်ပြည်နယ်မောင်တော်တွင် ဆီဘောက်ဆာယာဉ်နှင့်သယ်လာသည့် မူးယစ်ဆေးပြား၅သန်းကျော်ဖမ်းမိ

0
239

ရခိုင်ပြည်နယ် မောင်တောမှာ ငွေကျပ် ၇ ဒသမ ၇၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

သြဂုတ် ၂၆ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်မှာ ဖမ်းမိခဲ့တဲ့ ဘီလီယံချီမူးယစ်ဆေးဝါးတွေထက် ၇ဆပိုများပါတယ်။

မောင်တောဖြစ်စဉ်ကတော့ ဩဂုတ် ၂၇ ရက် မှာဖြစ်ခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်စစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးတွေ မိခဲ့တာပါ။ မောင်တောကနေ ကြိမ်ချောင်းကိုထွက်ခွာလာတဲ့ NISSAN ၈ ဘီး ဆီဘောက်ဆာ ယာဉ်ကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းစဉ်မှာပဲ ယာဉ်မောင်းက ယာဉ်ပေါ်မှခုန်ချ ထွက်ပြေးသွားခဲ့လို့ ဝိုင်းဝန်းပိတ်ဆို့ရင်း ဆီလှောင်ကန်ကို ဖွင့်ဖောက်ရှာဖွေရာကနေ
ကာလတန်ဖိုး ငွေကျပ် ၇ ဒသမ ၇၈ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၅ ဒသမ ၁၇ သန်းကျော်၊ အိုက်စ် (မက်သ်အဖက်တမင်း)အလေးချိန်ဂရမ် ၈၀၀ သိမ်းဆည်းရမိခဲ့တာပါ။

ယာဉ်မောင်းကို. ထွက်ပြေးသွားတဲ့နေရာကနေ ၆ ဖာလုံခန့်အကွာ တောစပ်မှာ ဖမ်းမိခဲ့တယ်လို့လည်းသိရပါတယ်။

လက်ရှိမှာ ကွင်းဆက်တွေကို ရှာဖွေနေတယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here