ပန်းလှိုင်ဆေးရုံ (မန္တလေး) ကာကွယ်ဆေးစင်တာတွေ ကာကွယ်ဆေးထိုးခြင်းများ လုပ်ဆောင်လျက်ရှိ

0
472

ပန်းလှိုင်ဆေးရုံ (မန္တလေး )ကာကွယ်ဆေးစင်တာမှာ မိမိတို့ကိုယ်ပိုင် အစီအစဉ်ဖြင့် ကာကွယ် ဆေးရရှိထားတဲ့ အဖွဲ့အစည်းများအား ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းတွေကို ဆက်လက်လုပ် ဆောင်လျက်ရှိပြီး တနေ့ကို လူဦးရေ ၂၇၀၀ ထိ ဝန်ဆောင်မှုပေးနိုင်အောင် ပြင်ဆင်ထား ကြောင်း ပန်းလှိုင်ဆေးရုံ(မန္တလေး)မှ အသိပေးကြေငြာထားပါတယ်။

ပန်းလှိုင်(မန္တလေး) ကာကွယ်ဆေးစင်တာဟာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ စနစ်တကျ သိမ်း ဆည်းသိုလှောင် ကိုင်တွယ်ခြင်း၊ စနစ်တကျ စောင့်ကြည့်ခြင်း ၊မှတ်တမ်းတင်ခြင်းနှင့် ပညာပေးခြင်း စသည့်ပြင်ဆင်မှုပေါင်းများစွာ ပြုလုပ်ရသည့်အပေါ် နားလည်ပေးမှုနှင့် ကာကွယ် ဆေး ထိုးရန် စောင့်ဆိုင်းနေမှုများကိုလည်း လေးစားစွာဖြင့် နားလည်သိရှိ ကျေးဇူးတင်ကြောင်း ပန် ကြားထားပါတယ်။

ပန်းလှိုင်ကာကွယ်ဆေးစင်တာ များသည် ကျန်းမာရေးဝန်ကြီးဌာနနှင့် WHO တို့မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း များနှင့်အညီ လူနာများရဲ့ ဘေးကင်းလုံခြုံ စိတ်ချရေးကိုသာ ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ကာကွယ် ဆေးထိုးခြင်း လုပ်ငန်းများ အကျယ်တဝင့် ဆောင်ရွက် နိုင်ရန် အချိန်နှင့်တပြေးညီ လူမှုမီဒီယာများတွင် ဖော်ပြသွားမှာဖြစ်ပါတယ်။

ကာကွယ်ဆေး ရရှိထားတဲ့ ကုမ္ပဏီ အဖွဲ့အစည်းတွေ အနေနဲ့ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက် လိုပါက [email protected] သို့ မိမိတို့အဖွဲ့အစည်း အကြောင်းအရာများ အသေးစိတ် ရေးသားပေးပို့ပြီး ဆက်သွယ် နိုင်ကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here