မွေးနေ့ကို ဘာသာရေးတွေလုပ်ပြီး ဖြတ်သန်းဖြစ်နေတဲ့နီနီခင်ဇော်

0
246

ဒီကနေ့ ဩဂုတ်လ ၃၁ ရက်နေ့ကတော့ အဆိုတော် နီနီခင်ဇော်ရဲ့ ၃၀နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ မွေးနေ့မှာဘာသာတရားလုပ်ပြီး ဖြတ်သန်းဖြစ်တဲ့အကြောင်းကို သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ အခုလိုပဲရေးသားထားပါတယ်။

“ ၃၀ ပြည့်​မွေး​နေ့မှာ ဆု​တောင်း​ပေးကြသူများရဲ့မေတ္တာများရရှိပီး ချမ်း​မြေ့ရပါတယ်

ယ​​​နေ့​မွေး​နေ့အဖြစ် ဥပုသ် သီလ ယူဖြစ်ပါတယ်

မ​သေခင်စပ်ကြား ရှင်သန်ရဦးမယ့်​နေ့ရက်​တွေကို
အ​ကောင်းမြင်တတ်ခြင်းနဲ့ ဖြတ်သန်းတတ်ဖို့​လေ့ကျင့်သင်ကြား​နေတုန်းပါ….

ယ​နေ့အထိ သွန်သင်​ပေးတဲဲ့ မိဘဆရာ ​​မိတ်​ဆွေ​ကောင်း​တွေရဲ့​ကျေးဇူး… အထူးသဖြင့် ​မေ​မေ့​ကျေးဇူး… စိတ်ချမ်းသာ​​အောင်ထား​ပေးတဲ့ Ninians ​တွေ ပရိသတ်​တွေရဲ့​ကျေးဇူးပါ….

အားလုံးအတွက် စစ်မှန်​သော အမှန်တရား ကြီးစိုးရပါ​စေ….. ကျန်းမာလို့ အမြန်ဆုံးစိတ်ချမ်းသာရပါ​စေသား “ဆိုပြီး ရေးသားထားပါတယ်။

#Popularjournal
Photo-crd


LEAVE A REPLY

Please enter your comment!
Please enter your name here