ပြည်သူတွေရဲ့ ပူးပေါင်းညီညာဆောင်ရွက်မှုနဲ့ မျှော်မှန်းထားတဲ့ ကိုဗစ်ကူးစက်မှု ၂၀ ရာခိုင်နှုန်းအောက် ကျဆင်းလာပြီလို့ နစကဥက္ကဌဆို

0
202
နေပြည်တော်၊သြဂုတ်၃၁
ဇူလိုင်လက စပြီးဖြစ်ပေါ်လာတဲ့ ကိုဗစ်တတိယလှိုင်းနဲ့ ပတ်သတ်ပြီး ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေး လုပ်ငန်းတွေကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ မိမိကိုယ်တိုင်ဦးဆောင်ကာ အစည်းအဝေးများ ပြုလုပ်ပြီး စီမံခန့်ခွဲမှုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာမှာ အားလုံး တက်ညီလက်ညီနဲ့ ဆောင်ရွက်ခဲ့ကြတဲ့အတွက် မိမိတို့မျှော်မှန်းသည့် အတိုင်း ကူးစက်မှု ၂၀ ရာခိုင်နှုန်းအောက် ကျဆင်းလာမှုကို ဝမ်းမြောက်ဖွယ် တွေ့ရှိရပြီလို့ နစကဥက္ကဌကပြောပါတယ်။
ဇူလိုင် ၂၃ ရက်မှာ ၄၀ ဒသမ ၈၂ ရာခိုင်နှုန်း ၊ ဇူလိုင် ၂၅ ရက်တွင် ၄၀ ဒသမ ၀၇ ရာခိုင်နှုန်းအထိ ကူးစက် မှုရှိခဲ့တဲ့ ကိုဗစ် တတိယလှိုင်းကို ဩဂုတ်လအတွင်း ရောဂါကူးစက်မှု ရာခိုင်နှုန်း ထက်ဝက်အထိ ကျဆင်းစေဖို့ ပထမအဆင့် ဆောင်ရွက်ခဲ့တဲ့အကြောင်း၊၊ ယခုလ ၂၉ ရက်မှာ လူဦးရေ ၂၉၁၂၇ ဦးကို စစ်ဆေးခဲ့ရာ ၃၁၆၆ ဦးသာ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ၁၀ ဒသမ ၈၇ ရာခိုင်နှုန်းသာ ရှိတော့တဲ့ အကြောင်းလည်း နစကဥက္ကဌကဆိုပါတယ်။
ကူးစက်မှုနှုန်းတွေ ကျဆင်းရခြင်းက ပြည်သူတွေရဲ့ ပူးပေါင်းလိုက်နာ ဆောင်ရွက်မှုနဲ့ စီမံခန့်ခွဲမှုတွေ ဆောင်ရွက်လျက်ရှိတဲ့ အဖွဲ့ အစည်းတွေ ညီညီညာညာနဲ့ တက်ညီလက်ညီ ဆောင်ရွက်ပေးမှုတွေကြောင့်ဖြစ်တယ်လို့ပါ နစကဥက္ကဌကပြောပါတယ်။
ရောဂါကူးစက်မှုနှုန်း မြင့်မားခဲ့ချိန်မှာ အောက်ဆီဂျင်လိုအပ်မှုတွေ ဖြစ်ပေါ်ခဲ့သော်လည်း တစ်ဦးချင်း အလှူရှင်တွေ အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များ အလိုက် ဝန်ကြီးဌာနတွေနဲ့ ဗဟိုအဖွဲ့က စီမံ ဆောင်ရွက်ပေးခဲ့မှုများကြောင့် အောက်ဆီဂျင် လိုအပ်ချက်တွေ လျှင်မြန်စွာ ဖြည့်ဆည်းပေးနိုင်တာကို တွေ့ရှိရတယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများရောက်ရှိမှု၊ ထိုးနှံမှုတို့နဲ့ ပတ်သက်ပြီး “ဆေးနဲ့ပတ်သက်ပြီး ပြောရရင်တော့ မနေ့ကအထိ တရုတ်နိုင်ငံ ကနေပြီးတော့ ဆေး ၆ ဒသမ ၅ သန်း ရောက်ပါတယ်၊ လှူတာ ၂ ဒသမ ၅ သန်းရှိပါတယ်၊ နောက်ဝယ်တာက ၄ သန်း၊ အားလုံးပေါင်း ၆ ဒသမ ၅ သန်း ကျွန်တော်ဆီရောက်ပါတယ်၊ တရုတ်က ဆေးပေါ့။ အိန္ဒိယကနေပြီးတော့ လှူတာက တော့ ၁ ဒသမ ၇ သန်း လှူတယ်၊ ၂ သန်းက တော့ဝယ်တာဖြစ်ပါတယ်၊ အားလုံး ပေါင်း ၃ ဒသမ ၇ သန်းရောက်ပြီ ဖြစ်ပါတယ်၊ စုစုပေါင်း ၁၀ ဒသမ ၂ သန်းရှိပါတယ်။ ဒါလည်း မနေ့ကရောက်တဲ့ ဆေးဆိုရင် အတတ်နိုင်ဆုံး အမြန်ဆုံး ပြည်နယ်နဲ့တိုင်းတွေကို တောက်လျှောက်ကို ပို့ဆောင်ရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနမှာရှိတဲ့ ပို့နိုင်တဲ့ အဖွဲ့အစည်းတွေ အားလုံးက ယာဉ်တွေ ထုတ်ပြီး ကျွန်တော်ပို့ခိုင်းထားပါတယ်၊ ရာသီဥတု ကောင်းရင်လည်း ကောင်းတဲ့အလျောက်ပေါ့။ အဲဒီတော့ အဓိကကတော့ ကိုယ့်ဆီရောက်လာရင် သက်ဆိုင်ရာ မြို့နယ်အဆင့်၊ အောက်ခြေ အဆင့်အထိရောက် အောင် ပြည်နယ်များက၊ တိုင်းများကလည်း ဆက်လက်ပြီးတော့ ဆောင်ရွက်ပေးဖို့ပါ၊ ဆောင်ရွက်ပေးဖို့ဆိုတာ ပြည်နယ်နှင့် တိုင်းအစိုးရ အဖွဲ့တွေ အနေနဲ့ကတော့ စီမံခန့်ခွဲ တာလုပ်ပေါ့၊ ယာဉ်ယန္တရားတွေ ကတော့ လိုအပ်ရင် ကျွန်တော်တို့ကို ပြောပါ။ ကျွန်တော်တို့ ဒီကနေပြီးတော့ တတ်နိုင်သမျှ Real Time ဖြစ်စေချင်ပါတယ်၊ အချိန်နှင့် တပြေးညီဖြစ်စေချင်ပါတယ်။ တစ်ရက် စောထိုးရင် တစ်ရက်အကျိုးရှိပါတယ်လို့ ကျွန်တော်ပြောလိုပါတယ်။ ဒီကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ကမ္ဘာ့နိုင်ငံအသီးသီးက ထုတ်ပြန် ချက်တွေ ကြည့်လို့ရှိရင် ဆေးထိုးထားတဲ့ သူတွေက ဆေးမထိုးထားတဲ့လူတွေထက် ရောဂါကို ခံနိုင်ရည်ပိုရှိတယ်၊ မဖြစ်ဘူးလို့တော့ အရှင်း မပြောပါဘူး။ သို့သော်လည်း ဖြစ်နိုင်ခြေ နည်းတယ်၊ ဖြစ်ရင်တောင်မှ ခံရမှုနည်းတယ်၊ အဲဒီတော့ ဖြစ်တယ် ဆိုရင်လည်း ဥပမာအားဖြင့် ပြင်းထန်တဲ့ရောဂါနဲ့ပတ်သက်ပြီး ဖြစ်ပွားမှုကျတော့ အထိုက်အလျောက် သူကနည်းနည်း နည်းတာကိုတွေ့ပါတယ်။ အောက်ဆီဂျင် ပေးရတာ၊ ဆေးပေးရတာကိုကအစ သူက သက်သာတာကို တွေ့ရတယ်” လို့ ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here