တရားစီရင်ရေးမဏ္ဍိုင်အား အပြန်အလှန်ထိန်းကျောင်းခြင်းပြုရာတွင် ပိုမိုထိရောက်စေဖို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးအား ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲခြင်းဖြစ်ဟု ဆို

0
283

ပြည်ထောင်စု တရားသူကြီးချုပ် ဦးဆောင်တဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို လက်ရှိပြည်ထောင်စု ရှေ့နေချုပ်ရုံးက ရုံး(Office)အသွင်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စား အပြန်အလှန် ထိန်းကျောင်းခြင်းပြုရာနေရာမှာ လွန်စွာကွာဟလျက်ရှိတဲ့အတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ကို ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲရခြင်းဖြစ်တယ်လို့ နစကက ဆိုပါတယ်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ဥပဒေရေးရာဝန်ကြီးဌာနအဖြစ်၊ပြည်ထောင်စုရှေ့နေချုပ်ကို ယင်းဝန်ကြီးဌာနရဲ့ ပြည်ထာင်စုဝန်ကြီးအဖြစ် ခန့်အပ်တာကို သြဂုတ်လ နောက်ဆုံးပါတ်မှာ နစကက ဆောင်ရွက်ခဲ့တာပါ။

ပြည်ထောင်စုရှေ့နေချုပ်ရုံးဟာ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခင်က ဥက္ကဋ္ဌ ၁ ဦး၊ အဖွဲ့ဝင် ၉ ဦးပါဝင်တဲ့ ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့အဖြစ် ရပ်တည်ခဲ့ပြီး ဗဟိုအာဏာပိုင်အဖွဲ့အစည်း လေးရပ်တွင် တစ်ရပ်ဖြစ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်မှာတော့ ရှေ့နေချုပ်ရုံးလို့ ပြောင်းလဲ ခေါ်ဝေါ်လျက် တရားရုံးချုပ်နဲ့ အဆင့်တူအနေအထားမှာ ရပ်တည်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဏ္ဍိုင်သုံးရပ်မှာ တစ်ရပ်အပါအဝင်ဖြစ်တဲ့ လွတ်လပ်သော တရားစီရင်ရေး မဏ္ဍိုင် ဖော်ဆောင်ရန် တရားရုံးချုပ်ဟာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်လို့ ပြောင်းလဲခေါ်ဝေါ်၍ သီးသန့်လွတ်လပ်စွာ ရပ်တည်ခဲ့ ပါတယ်။ တစ်ဖက်မှာလည်း တရားရုံးချုပ်နဲ့ တန်းတူရပ်တည်ပြီး တရားစီရင်ရေးမဏ္ဍိုင်အား ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား အပြန်အလှန် ထိန်းကျောင်းမှုပြုနေတဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကမူ အဖွဲ့အစည်းပုံစံ (Organization Structure) (Office) အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့မှာ ဆက်လက် ရပ်တည်ခဲ့ပါတယ်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးဟာ လက်ရှိမှာ တရားစွဲနဲ့ အမှုလိုက်လုပ်ငန်းသာမက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စု ဝန်ကြီး ဌာနတွေရဲ့ ဥပဒေမူကြမ်းများ စိစစ်အကြံပြုခြင်း၊ စီးပွားရေးစာချုပ်တွေနဲ့ နိုင်ငံတကာစာချုပ်တွေကို စိစစ်ပြီး ဥပဒေအကြံပြု ခြင်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။

အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ပေမယ့်လို့ အရာထမ်း၊ အမှုထမ်းအင်အား၊ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်၊ ဘတ်ဂျတ်ကိစ္စများမှာမူ ယခင်အတိုင်း မပြောင်းလဲဘဲ ဆက်လက်ဆောင်ရွက်သွားမယ်လိုပ နစကဘက်က ပြောဆိုထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here