ခြေတု၊လက်တု မတပ်နိုင်သောသူတွေကို အခမဲ့ တပ်ဆင်ပေးဖို့ စက်ရုံအသေးစား တည်ထောင်ဖို့ပြင်ဆင်နေတဲ့ ခိုင်နှင်းဝေ

0
201

ပရဟိတမင်းသမီး သရုပ်ဆောင်ခိုင်နှင်းဝေက တောင်ဒဂုံ (၁၀၅)ရပ်ကွက်မှာ စက်ရုံအသေးစားတည်ထောင်ပြီး ခြေတု၊လက်တု မတပ်နိုင် သော မည်သူမဆို အခမဲ့ တပ်ဆင်လှူဒါန်းပေးသွားမှာ ဖြစ်တယ်လို့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာ ရေးသားထားပါတယ်။

“ ခြေတု လက်တု စက်ရုံလေး တစ်ခု တည်ထောင်ဘို့ စ,တင် အကောင်အထည် ဖော်ဖြစ်ပါတယ်ရှင်..ကျမကို လှူဒါန်းထားတဲ့ တောင်ဒဂုံ (၁၀၅) မြေကွက်မှာ စက်ရုံ အသေးစားလေး တည်ထောင်ပြီး ခြေတု ၊ လက်တု မတပ်နိုင်သော မည်သူမဆို အခမဲ့ တပ်ဆင် လှူဒါန်းပေးသွားပါမယ်..စက်ရုံအတွက် နေရာ ဆောက်ခြင်း၊ စက်များ ဝယ်ယူခြင်း၊ ပညာရှင်များ ခေါ်ယူခြင်းတို့ကို အမြန်ဆုံး လုပ်ဆောင်၍ လိုအပ်နေသော သူများကို ကူညီပေးသွားပါမယ်..ကျမ နဲ့ အတူ ခုနှစ်ရက် သားသမီးများ အားလုံးရဲ့ စုပေါင်း ကုသိုလ် အလှူလေးများပဲ ဖြစ်ပါတယ်ရှင်…” လို့ ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here