တာမွေကဟိုတယ်တစ်ခုအတွင်း ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကိုဝင်စီး လူ၄၀အဖမ်းခံရ

0
211

ရန်ကုန်၊ စက်တင်ဘာလ ၂ရက်

တာမွေကဟိုတယ်တစ်ခုအတွင်း ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကိုဝင်စီးရာ လူ၄၀အဖမ်းခံရလိုက်ရပါတယ်။

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၃၁ ရက် ညနေ ၆ နာရီကျော်က ပူးပေါင်းအဖွဲ့တွေကတာမွေမြို့နယ်၊
နတ်မောက်ရပ်ကွက်၊ နတ်မောက်ရိပ်သာလမ်းနဲ့ ဖိုးစိန်လမ်းထောင့်မှာရှိတဲ့ Two Two Five Hotel ကို သတင်းအရ ဝင်ရှာရင်းဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာတော့ ဟိုတယ် မန်နေဂျာနဲ့ လောင်းကစားပြုလုပ်နေသူ ၄၀ ဦးကို လောင်းကစားပြု လုပ်နေတဲ့ ပစ္စည်းများ၊ လောင်းကြေးငွေစက္ကူရောရာ ၂၆၅ သိန်းကျော်နဲ့ ၎င်းတို့ကိုင်ဆောင်တဲ့ ဖုန်းတွေနဲ့အတူ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဟိုတယ်ပိုင်ရှင်ကတော့ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် ဖမ်းဆီးရမိဖို့ ဆက်လက်လုပ်ဆောင်နေပြီး ဖမ်းမိတဲ့သူတွေကိုလည်း လောင်းကစားဥပဒေပုဒ်မ- ၁၆(က) / ၁၇(က)တို့နဲ့ အမှုဖွင့်အရေးယူသွားမှာဖြစ်ပါတယ်လို့ သတင်းပြန်ကြားရေးအဖွဲ့က ပြောဆိုပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here