ကိုဗစ်တတိယလှိုင်းမှာ အမေများအဖွဲ့က အမေသုံးဦး ဆုံးရှုံးလိုက်ရတဲ့အကြောင်း ပြောပြလာတဲ့ အမေဒေါ်နွဲ့နွဲ့စန်း

0
197

ကိုဗစ်တတိယလှိုင်းမှာ အမေများအဖွဲ့က အမေသုံးဦးဆုံးရှုံးလိုက်ရတဲ့အကြောင်း ပြောပြလာတဲ့ အမေဒေါ်နွဲ့နွဲ့စန်း

အမေများအဖွဲ.ရဲ. တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်နွဲ.နွဲ.စန်းကတော့ လတ်တလောမှာတော့ ကိုဗစ်ရောဂါကို အနိုင်တိုက်ပြီးဆေးရုံက ဆင်းလာတာ ၁၀ရက်ကျော်လောက် ရှိခဲ့ပါပြီ။ ဆေးရုံကဆင်းလာတာ ၁၀ရက်လောက်ရှိ ပေမယ့် ကျန်းမာရေး အခြေအနေက အခုထိ မကောင်းသေးတဲ့ အကြောင်းကို အခုလိုပဲပြောပြခဲ့ပါတယ်။

“ ဆေးရုံကဆင်းလာတာ ၁၀ရက်တော့ ရှိပေမယ့် သိပ်တော့မကောင်းသေးပါဘူး။ ကိုဗစ်က မောတာတို့၊ဖျားတာ တို့ ဖြစ်တတ်တဲ့ရောဂါ ဆိုတာ တော်တော်တော့ ခံစားရပါတယ်။ ရောဂါပျောက်တာလည်း မကြာသေးဘူးဆို တော့ မောတယ်၊ အစားမစားချင်ဘူး၊ လမ်းတွေ ဘာတွေ မလျှောက်နိုင်ဘူး တွေဖြစ်နေတာပေါ့။ အဲ့လိုမျိုးဘာမှမစားချင်၊ မလုပ်နိုင်တဲ့ အချိန်ဆို ဘာသာရေးပဲ ရသလောက်လုပ်နိုင်တယ်။ ဒီရောဂါက မကောင်းပါဘူး။ တော်တော်ခံစား ရပါတယ်။” လို့ပြောပါတယ်။

ကိုဗစ်တတိယလှိုင်းမှာ အမေများအဖွဲ့မှ အမေ သုံးဦးဆုံးရှုံးသွားခဲ့တဲ့ အကြောင်းကိုလည်း ဒေါ်နွဲ.နွဲ.စန်းက” အမေတို့အိမ်မှာ နေတဲ့ ဒေါ်အေးအေးသန်း ဆိုတဲ့ အမေတစ်ယောက် ရှိတယ်လေ။ သူကကိုဗစ်ဖြစ်နေတာ အမေတို့က မသိဘူး။ သူကလည်း ကိုဗစ်ဖြစ်နေတာ သူကိုယ်တိုင် မသိလို့မပြောတာလေ။ သူဖျားတော့အမေတို့ က ကော်ဖီတိုက်တဲ့သူကတိုက်၊ဆန်ပြုတ်ကျွေးတဲ့သူကကျွေးနဲ့ သူ့နားမှာ သွားသွာ လုပ်ပေးနေကြတာပေါ့။ နောက်ကျသူက သောကြာနေ့မှာ ဖြစ်တယ်ဆို စနေရောက်တော့ သေသွားတယ်။ သေတဲ့အခါကျတော့ အမေတို့က ဘာလုပ်ရမှန်းမသိ။ဒီမှာ အဘွားကြီးတွေပဲ ရှိတာဆိုတော့ ဒီအလောင်းကို ထုတ်တဲ့နေရာမှာ ဝုိင်းထုတ်ကြတော့ အကုန်လုံး အဲ့အချိန်မှာ ကူးစက်ကုန်ကြတာပေါ့။ ဒေါ်ထိပ်တင်ထားဆိုတာ သေတောင်သေ သွားပြီ။နောက်ပြီး မန္တလေးကအမေတို့ အမေတစ်ယောက် လည်း ဆုံးတယ်။ အမေတို့ ဒီကိုဗစ်တတိယလှိုင်းမှာ အမေသုံးယောက်လောက် ဆုံးရှုံးသွားခဲ့တယ်။” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here