ကျိုင်းတုံမှာ အောက်ဆီဂျင်လိုအပ်နေသူတွေအတွက် အောက်ဆီဂျင်အိုးတွေကို တာချီလိတ်​အောက်စီဂျင် စက်ရုံသို့ အခမဲ့ပို့ဆောင် ဖြည့်ပေးဖို့ရှိ

0
221

ကျိုင်းတုံမှာ အောက်ဆီဂျင်လိုအပ်နေသူတွေအတွက် အောက်ဆီဂျင်အိုးတွေကို တာချီလိတ်​အောက်စီဂျင် စက်ရုံသို့ အခမဲ့ပို့ဆောင် ဖြည့်ပေးဖို့ရှိ

တာချီလိတ်၊ စက်တင်ဘာ၃ရက်

ကျိုင်းတုံမြို့နယ်က အောက်ဆီဂျင်ဖြည့်ဖို့ အခက်အခဲရှိသူတွေအနေနဲ့ အိုးအလွတ်တွေကို ကျိုင်းတုံခရိုင်၊ထွေအုပ်ရုံးကို လာပို့ပေးထားမယ် ဆိုရင် တာချီလိတ်က အောက်ဆီဂျင်စက်ရုံသို့ အခမဲ့ပို့ဆောင်ဖြည့်ဆည်းပေးမယ်လို့ ကျိုင်းတုံခရိုင်၊စီမံအုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။

အောက်ဆီဂျင်အိုးအလွတ်တွေကို ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို နေ့စဉ် နံနက် ၉နာရီမှာ လာပို့ပေးထားမယ်ဆိုရင်
တာချီလိတ်က စံလင်းဖြိုးကုမ္ပဏီရဲ့ အာယုဒါန အောက်ဆီဂျင်စက်ရုံကို ပို့ဆောင်ပေးမယ်လို့ သိရပါတယ်။

အိုးအလွတ်တွေလာပို့တဲ့အခါမှာလည်း အိုးတွေကို ကိုဗစ်၁၉ရောဂါ ကာကွယ်ရေးသုံးဆပ်ပြာ ရည် (သို့မဟုတ်)ပိုးသတ်ဆေးရည်တွေနဲ့ ဆေးကြောပြီးမှ လာရောက်ပို့ဆောင်ပေးစေလိုတယ် လို့ ကျိုင်းတုံခရိုင်၊ စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဌ ဦးဝင်းမင်းသိန်းက ပြောပါတယ်။

အောက်ဆီဂျင်ဖြည့်ချင်တဲ့သူ အနေနဲ့ အိုးအလွတ်တွေပေါ်မှာ သက်ဆိုင်ရာ အမည်၊ရပ်ကွက်နဲ့ လိပ်စာတို့ကို ရေးထိုးပြီး ပေးပို့ပေးရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကျိုင်းတုံကနေ အောက်ဆီဂျင်စက်ရုံရှိတဲ့ တာချီလိတ်ကို ပို့ဆောင်တဲ့ ကုန်ကျစရိတ်ကိုတော့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကိုဗစ်၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကျခံပေးမယ်လို့လည်း သိရပါတယ်။

ဩဂုတ်လ ၂၃ရက်မှ စက်တင်ဘာလ ၂ရက်နေ့အထိ ထုတ်ပြန်ချက်တွေအရ ကျိုင်းတုံမြို့နယ် မှာ ကိုဗစ်အတည်ပြုလူနာ ၈၁၉ ဦးရှိပြီး သေဆုံးသူ အရေအတွက်ကတော့ ၅ဦးရှိပြီလို့ သိရပါတယ်။

ဓါတ်ပုံ- စံလင်းဖြိုးကုမ္မဏီ ၏ အာယုဒါန အောက်စီဂျင်စက်ရုံ


LEAVE A REPLY

Please enter your comment!
Please enter your name here