နယ် အဝေးပြေး ခရီး ပို့ဆောင်ရေး ၂၅%အောက်သာ ရှိ

0
216

နယ်အဝေးပြေးခရီးပို့ဆောင်ရေး ၂၅%အောက်သာရှိ

ကိုဗစ် ၁၉ ကာလအတွင်း နယ်အဝေးပြေးခရီး ပို့ဆောင်ရေးဟာ ၂၅%အောက်မှာရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ပုဂ္ဂလိက သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကော်မတီမှ သိရပါတယ်။

ကိုဗစ်ကာလ အတွင်းမှာ ခရီးသွားကားတွေဟာ ရပ်နားခြင်းမရှိပဲ ပြေးဆွဲပေးနေပြီး တချို့ခရီး စဉ်ဆိုရင် လိုက်ပါမယ့် ခရီးသည်ပေါ် မူတည် ပြီး
ရက်ခြားပြောင်းလဲပေးဆွဲနေကြောင်းလည်း သိရပါတယ်။

လက်ရှိမှာတော့ မြန်မာပြည် အနှံ့အပြားက မြို့များကိုပြေးဆွဲပေးနေပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း ပြေးဆွဲနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ social distancing လုပ်ရတာကြောင့် ၂ခုံ ၁ယောက်ပဲ စီးနင်းရတဲ့အတွက် ယာဉ်စီးခစျေးနှုန်းတွေလည်း တက်သွားတယ် လို့ ခရီးသည်အချို့က ပြောပါတယ်။

ယာဉ်လိုင်းပိုင်ရှင်တွေ အနေနဲ့လည်း ဆီစျေးတွေတက်တာအပြင် ၂ခုံ ၁ယောက်နှုန်းပဲတင်ရတဲ့အတွက် အခုလို ကားလက်မှတ်စျေးနှုန်းတွေ တက်ရတာလို့ ပြောပါတယ်။ ဒါ့အပြင် ခရီးသွားတဲ့သူနည်းတာကြောင့် လူတဝက်၊ကုန်တဝက် ပြေးဆွဲရတာတွေလည်း ရှိတယ်လို့ ပြောပါ တယ်။

ရန်ကုန်တိုင်းဒေသကြီး၊ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီကတော့ လက်ရှိ စီးပွါးရေး အခြေအနေ၊ လုံခြုံရေးအခြေအနေနဲ့ လတ်တလောဖြစ်နေတဲ့ အခြေအနေကြောင့် ခရီးသည်လျော့တာဖြစ်ပြီး ယာဉ်လိုင်းတွေအနေနဲ့ သတ်မှတ် စည်းကမ်းတွေနဲ့ အညီ လိုက်နာ ဆောင်ရွက်ဖို့ကိုလည်း စောင့်ကြည့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here