အခြေအ​နေတွေ ကောင်းပြီး အလုပ်တွေ မြန်မြန် ပြန်လုပ်ချင်နေပါပြီ ဆိုတဲ့ သဘင် အနုပညာရှင် ဝင်းနောင်

0
457

အခြေအ​နေတွေ ကောင်းပြီး အလုပ်တွေ မြန်မြန် ပြန်လုပ်ချင်နေပါပြီ ဆိုတဲ့ သဘင် အနုပညာရှင် ဝင်းနောင်

လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ၊ ကိုဗစ်ရောဂါ အခြေအနေတွေကြောင့် ပြည်သူများမှာ အခက်အခဲတွေ များစွာ ရှိနေပါတယ် အဲ့ဒီထဲကမှ သဘင်အနုပညာရှင်တွေလည်း စား၀တ်နေရေး အခက်အခဲတွေ ရှိနေကြာင်းကို သဘင်အနုပညာရှင် ၀င်းနောင် က အခုလိုပဲ ပြောပြခဲ့ပါတယ်။

 

“အခုချိန်မှာတော့ အကုန်လုံးခက်ခဲနေကြတာပါ။ ဒါပေမယ့် ကျွန်တော်တို့ သဘင်အနုပညာရှင် တွေမှာလည်း အခက်အခဲတွေ ပိုဖြစ်တာပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဒီအနုပညာ အလုပ်ပဲလုပ်တော့ အနုပညာအလုပ်တွေ နားလိုက်တဲ့ အချိန်မှာ ကျန်တဲ့ စီးပွားရေးလည်း မလုပ်တက်တော့ အဆင်မပြေဖြစ်ကြတာပေါ့။ ကျွန်တော်တို့ အဖွဲ့သားတွေ အကုန်လုံးလည်း စား၀တ်နေရေးတွေ အဆင်မပြေ ဖြစ်တာမြင်တော့ စိတ်မကောင်းဘူး။ အဲ့လိုမျိုး အဆင်မပြေတာတွေ မြင်ပေမယ့်လည်း ကျွန်တော် ကိုယ်တိုင်က သူတို့ကို မကူညီနိုင်ဘူး။ အဲ့ဒါကြောင့် ဘာပဲပြောပြော အရာရာကို ပုံမှန်အတိုင်း ပြန်ဖြစ်ချင်နေပြီ။ ကျန်းမာရေးတွေကောင်းပြီး အလုပ်တွေ ပြန်လုပ်ချင်နေပါပြီ။ ပရိသတ်တွေ အကုန်လုံးလည်း ကျန်းမာရေးတွေ ကောင်းမွန်ကြပါစေ လို့ ဆုတောင်းလိုက်ပါတယ်။” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here