အွန်လိုင်းမှာ စားသောက်ကုန် ပစ္စည်းများ ရောင်းဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ ဗီဗာဟိန်း

0
234

အွန်လိုင်းမှာ စားသောက်ကုန် ပစ္စည်းများ ရောင်းဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ ဗီဗာဟိန်း

အဆိုတော် ဗီဗာဟိန်းက လတ်တလောမှာ အနုပညာအလုပ်တွေ နားနေရတဲ့အချိန်မှာ အွန်လိုင်းကနေ စားသောက်ကုန်များ ရောင်းချ သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကိုဗစ် တတိယလှိုင်းကြောင့် မိသားစုဝင်များဖြစ်တဲ့ အဖေ၊အမေနဲ့အကို ဆုံးရှုံးလိုက်ရတဲ့ အတွက် စိတ်ဖိစီးမှုများ ဖြစ်နေပြီး ရှေ့ဆက်ဘဝခရီးအတွက် အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမယ်လို့ ဗီဗာဟိန်းက အခုလိုပဲပြောပြခဲ့ပါတယ်။

“ လက်ရှိမှာတော့ အမက တစ်ယောက်တည်း ကျန်ခဲ့ရတဲ့သူ ဆိုတော့ ဘဝကို အကောင်းဆုံးရှေ့ဆက်ဖို့ပဲ စဉ်းစားထားတယ်။ ဆုံးပါးသွားတဲ့ မိသားစုကို လွမ်းနေရပေမယ့်လည်း လျှောက်ရမယ့် ဘဝအတွက်တော့ ပြင်ဆင်ရဦးမှာပေါ့။အမက ရှေ့ဆက်ပြီး အနုပညာ အလုပ် တွေကို အကောင်းဆုံးလုပ်ဖို့ပဲ စဉ်းစားထားတယ်။ အခုအနုပညာအလုပ်တွေ မလုပ်ရသေးတဲ့ အချိန်မှာတော့ အွန်လိုင်းကနေ စားသောက်ကုန် လေးတွေ ရောင်းဖို့တော့ စဉ်းစားထားတယ်။ ဒါကတော့ အနုပညာအလုပ်တွေ မလုပ်ရသေးတဲ့အချိန်လေး လုပ်ဖို့စဉ်းစား ထား ပါတယ်။ ကျိန်းသေ အမ လျှောက်မယ့်လမ်းကတော့ အနုပညာလမ်းပါပဲ။”လို့ ပြောခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here