ပြင်ဦးလွင် အပါအဝင် မြို့နယ် ၃ခုမှ ဆက်သွယ်ရေးတာဝါတိုင်အချို့ မီးလောင်ပျက်စီး

0
272

နေပြည်တော်၊ စက်တင်ဘာ၇ရက်

စက်တင်ဘာ ၅ရက်နှင့် ၆ရက်နေ့များက Mytel/Telenor/Ooredoo ဆက်သွယ်ရေးစက်များနှင့် ချိတ်ဆက်ထားသည့် မြို့နယ်အချို့မှ တာဝါတိုင် အချို့ မီးရှို့ခံရမှုကြောင့် ပျက်စီးမှုများရှိခဲ့သည်။

စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁ နာရီခွဲ အချိန်က မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ ဓမ္မာရုံအနီးရှိ နေအိမ်ခြံဝင်း အတွင်း စိုက်ထူထားသည့် Ooredoo ဆက်သွယ်ရေးတာဝါတိုင်၏ ဆက်သွယ်ရေးစက်များ တပ်ဆင်ထားသည့် အထိုင် စက်ပုံး အား လူတစ်စုက မီးရှို့ခဲ့၍ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသည်။

အလားတူ ယင်းနေ့ နံနက် ၃ နာရီခွဲ အချိန် မိတ္ထီလာမြို့ရှောင်လမ်း အနီး သာစည်မြို့နယ်၊ ကျည်းကန် ကျေးရွာရှိ တောင်ယာကွက်ထဲ စိုက်ထူထား ရှိသည့် Mytel/Telenor/Ooredoo ဆက်သွယ်ရေးစက်များနှင့် ဘတ္ထရီအိုးများ ထည့်သွင်း ထားသည့် စက်ခန်းအတွင်း မီးပုလင်း ပစ်ခံခဲ့ရသည်။

စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ကလည်း ပြင်ဦးလွင်မြို့နယ်၊ အနီး စခန်းနှင့် ဆင်လမ်းဆည်သို့ ဆက်သွယ်ထားသည့် မြေသားလမ်းဘေးရှိ နေအိမ်ခြံဝင်းအတွင်း စိုက်ထူထားသည့် Ooredoo /Telenor ဖုန်းလိုင်းများ၏ ထပ်ဆင့်ထုတ်လွှင့်ရေး ဆက်သွယ်ရေး တာဝါတိုင် လက်လုပ်မိုင်း တစ်လုံးပေါက်ကွဲ ဖိုင်ဘာကြိုး ၅ ချောင်း ပြတ်တောက်ပျက်စီးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here