အသင်းမှာရှိတဲ့ပိုက်ဆံလေးနဲ့ဖေ့စ်ဘုတ်ကနေတဆင့်လှူတဲ့ပိုက်ဆံနဲ့ အဆင်ပြေအောင် သက်ကြီး လူရွှင်တော်ပွဲကို ကျင်းပသွားမယ် လို့ပြောလာတဲ့ အုန်းသီး

0
506

လူရွှင်တော်အသင်း (ရန်ကုန်)ရဲ့ ၁၁ကြိမ်မြောက် သက်ကြီး လူရွှင်တော်(ရန်ကုန်) ပူဇော်ပွဲကို စက်တင်ဘာလ ၉ ရက်နေ့မှာ ကျင်းပပြုလုပ် သွားမှာဖြစ်ပါတယ်။ ယခုနှစ် သက်ကြီးလူရွှင်တော် ကန်တော့ပွဲကို ရသလောက် အလှူငွေနဲ့ အဆင်ပြေအောင် ပြုလုပ်သွားမယ် လို့ လူရွှင်တော်အသင်း ရဲ့ ဒုဥက္ကဌ အုန်းသီးက အခုလိုပဲ ပြောကြားခဲ့ပါတယ်။

“ ကျွန်တော်တို့နှစ်စဉ် ကျင်းပနေကြပေါ့နော် ၊ဒီနှစ်နဲ့ဆို ၁၁ကြိမ်မြောက်ရှိပြီ။ အရင်နှစ်တွေကဆို ကျွန်တော်တို့ MRTV-4၊Channel-Kတို့ ကမ္ဘောဇ တို့နောက်ပြီး CBဘဏ်က ဦးခင်မောင်အေးတို့က နှစ်စဉ် ကျွန်တော်တို့ကို အလှူငွေပေးပါတယ်။ အလှူငွေပေးတာကလည်း သိန်း  ၅၀ပေးတဲ့နှစ်ရှိတယ်၊ ၁၀၀ပေးတဲ့နှစ်ရှိတယ်။ ဒီနှစ်မှာကျတော့ ကျွန်တော်တို့ အခက်အခဲလေးတွေ တော်တော်ဖြစ်ကုန်တယ်။ အားလုံး ကလည်း အဆင်မပြေကြဘူးဆိုတော့ ၊ကျွန်တော်တို့ကလည်း အလိုက်တသိပါပဲ၊ ကြေညာလိုက်တယ်၊ တကယ်လို့ လှူချင်တဲ့သူ ရှိရင်လည်း အလှူခံပါတယ်။ တိုက်တိုက်တွန်းတွန်းကြီးတော့ ကျွန်တော်တို့ ဘယ်သူ့ကိုမှတော့ အလှူမခံပါဘူး။ ကျွန်တော်တို့ အသင်းမှာ ရှိတဲ့ ပိုက်ဆံလေးနဲ့ ဖေ့ဘုတ်စ်ပေါ်ကြေညာလို့ရတဲ ငွေလေးနဲ့ပဲ အဆင်ပြေအောင် သက်ကြီးလူရွှင်တော်တွေကို ကန်တော့ သွားမှာဖြစ်ပါ တယ်။” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here