မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေးဂိတ် နှစ်ခုကို ယခုလ အတွင်း ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေ

0
285

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးဂိတ် နှစ်ခုကို ယခုလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေ

နေပြည်တော် စက်တင်ဘာ ၉

 မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ဂိတ်များကို ကိုဗစ်-၁၉ ရောဂါ အခြေအနေများကြောင့် ယာယီ ပိတ်ထားခဲ့ရာမှ ယခုစက်တင် ဘာလ ၁၅ ရက်နေ့နောက်ပိုင်း ပြန်လည်ဖွင့်လှစ်သွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 ယခုနှစ် ဇူလိုင်လပိုင်းတွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားမှုများကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေ းဂိတ်များ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ဂိတ်များမှာ ယာယီပိတ် ထားခဲ့ရပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်များကိုမူ တရုတ်နိုင်ငံဘက်မှာ ပိတ်လိုက်ခြင်းဖြစ်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်သည့် ဘူးသီးတောင် မောင်တောဂိတ်နှင့် စစ်တွေ ဂိတ်တို့ကို မြန်မာနိုင်ငံဘက်မှယာယီ ပိတ်လိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ယာယီပိတ်လိုက်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးဂိတ်တို့ကို ယခုစက်တင်ဘာလ ၁၅ နောက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ် နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ ခုလက်ရှိက အိန္ဒိယနယ်စပ် ဂိတ်ကတော့ ဖွင့်ထားတာကြာပြီပေါ့။ တရုတ် နယ်စပ်ဂိတ်တွေကို လဲ အမြန်ဆုံးပြန်ဖွင့်နိုင်အောင် နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းနေပါတယ်။ အခု မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးဂိတ်နှစ်ခုက ကျွန်တော်တို့ဘက်ကနေ ရခိုင်ပြည်နယ်ဘက်က ကိုဗစ်-၁၉ ဖြစ်ပွားမှု အခြေအနေ တွေကြောင့် ယာယီ ပိတ်လိုက်ရတာဖြစ်ပါတယ်။ အခုတော့ ဒီလ ၁၅ ရက်နေ့နောက်ပိုင်းမှာ ပြန်လည် ဖွင့်လှစ် နိုင်အောင်လို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ဒီလအစပိုင်းက ပြန်ဖွင့်မလို့ဟာ ရခိုင်ပြည်နယ်ရဲ့ ကိုဗစ်-၁၉ ဖြစ်ပွားမှု အခြေအနေတွေကို ပိုငြိမ် အောင်စောင့်နေတဲ့သဘောပါ။” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 လက်ရှိတွင် ရခိုင်ပြည်နယ်၏ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း အခြေအနေကို စောင့်ကြည့်နေခြင်းဖြစ်ပြီး ပြန်ဖွင့်မည်ဆိုပါက ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကတ်ဘိနက်သို့ တင်ပြကာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိချိန်သည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်တက်နိုင်သည့် အခြေအနေများဖြစ်နေ၍ နယ်စပ်ကုန်သွယ်ရေး ဂိတ်များ ပြန်ဖွင့်နိုင်ရေး စောင့်ကြည့်စီ စဉ်နေရခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here