ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုဖြင့် နိုင်ငံရေးပါတီများ အစည်းအဝေးသို့ NLD ပါတီ တက်ရောက်

0
106

ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုဖြင့် နိုင်ငံရေးပါတီများ အစည်းအဝေးသို့ NLD ပါတီ တက်ရောက်

ရန်ကုန်၊ စက်တင်ဘာ၉ရက်

တရုတိကွန်မြူနစ် ပါတီ နှင့် အရှေ့တောင် အာရှ၊ တောင်အာရှ နိုင်ငံများမှ နိုင်ငံရေး ပါတီများ၏ “နိုင်ငံရေးပါတီများ ပေါင်းစည်းစွမ်းအားနှင့်ဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုး တိုးတက်ရေးဆီသို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ၂၀၂၁ခုနှစ် စက်တင်ဘာ ၉ ရက်နေ့ တွင် Virtual Meeting ပြုလုပ်ခဲ့ရာ NLDပါတီလည်းတက်ရောက်ခဲ့သည်။

တစ်ဆက်တည်းအနေနှင့် “Generation Z Leadership Forum” ကိုပါ ကျင်းပခဲ့ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုအနေနှင့် စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင် အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦး တက်ရောက်ခဲ့သည်။

အခြား ဖိတ်ကြားခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် လီဆူးအမျိုးသား ဖွံ့ဖြိုးရေးပါတီ တို့မှ ကိုယ်စားလှယ် များလည်း ယနေ့တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here