Monday, February 24, 2025

ကာကွယ်ရေးဆွေးနွေးရန်ရုရှားအရာရှိအင်ဒိုနှင့် မလေးသို့ သွားရောက်

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ရောင်ရင်းတစ်ဦးဖြစ်သော ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂျီရှိုဂူသည် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် တနင်္လာနေ့တွင် အင်ဒိုနီးရှားနှင့်...

သုခဒဂုံ ပြည်သူ့အငှား အိမ်ရာစီမံကိန်း၌ လက်ရှိတွင်...

ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းတွင် လက်ရှိ၌ အဆောက်အအုံ (၁၇၁)လုံး တည်ဆောက်ပြီးစီးပြီဖြစ်ကာ အိမ်ထောင်စု (၂၇၃၆) စုအထိ နေထိုင်လျက်ရှိကြောင်း သိရသည်။ (၁၈၁) ဧက...

ဂျပန်ဖိုက်တာများနှင့် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့သည့် မြန်မာကိုယ်စားပြု ကစားသမား(၃)ဦးလုံး...

ဂျပန်နိုင်ငံ ၊ အိုဆာကာမြို့၌ ယနေ့ဖေဖော်ဝါရီ(၂၄)ရက်တွင် ကျင်းပသည့် BENKI FIGHT ဘောက်ဆင်ပြိုင်ပွဲ၌ ဂျပန်ဖိုက်တာများနှင့် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့သည့် မြန်မာကိုယ်စားပြု ကစားသမား(၃)ဦးလုံး ရှုံးနိမ့်ခဲ့ကြောင်း...

ကန့်ဘလူ၊ ကောလင်းနှင့် ရေဦးခရိုင်အတွင်းမှ နေရပ်စွန့်ခွာပြည်သူများအား...

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကောလင်းခရိုင်နှင့် ရေဦးခရိုင်အတွင်းမှ နေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်းကို ဖေဖော်ဝါရီလ (၂၃) ရက်၊...
HomeNewsLocal Newsတိုင်း၊ ပြည်နယ်အချို့က တာဝါတိုင်...

တိုင်း၊ ပြည်နယ်အချို့က တာဝါတိုင် ၂၀ထက် မနည်းဖျက်ဆီးခံရ

တိုင်း၊ပြည်နယ်အချို့က တာဝါတိုင် ၂၀ထက် မနည်းဖျက်ဆီးခံရ

နေပြည်တော်၊ စက်တင်ဘာ ၉ ရက်

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်ထဲက တာဝါတိုင်အချို့ မိုင်းခွဲဖျက်ဆီးခံလိုက်ရသည်။

ဖျက်ဆီးခံခဲ့ရသည့် တာဝါတိုင် အရေအတွက်မှာ ၂၀ထက်မနည်းရှိနေပြီး ယင်းအရေအတွက်သည် ၃ရက်အတွင်း ဖျက်ဆီးခ့ခဲ့ရသည့်အရေ အတွက် ဟု ကနဦးသတင်းတွေအရသိရသည်။

ဖျက်ဆီးခံရသည့်အထဲ Mytel ဖုန်းတာဝါတိုင်သာမက အခြားသော Ooredoo ဆက်သွယ်ရေးတာဝါတိုင် အချို့လည်းပါသည်ကိုတွေ့ရသည်။

စက်တင်ဘာလ ၇ ရက်နေ့ က ဖောက်ခွဲခံရသည့် အထဲ ဝမ်းတွင်းမြို့နယ်၊ ဖလံကျင်းကျေးရွာ၊ မိတ္ထီလာ-ပင်းတလဲ ကားလမ်းဘေးရှိ Mytel ဖုန်းတာဝါတိုင်၊ ဝမ်းတွင်းမြို့နယ်၊ သဲတောကျေးရွာ၏အနောက် တောင်ဘက် ၁ ဖာလုံခန့်အကွာရှိ Mytel တာဝါတိုင် ဖောက်ခွဲခံခဲ့ရသည်။

တာဝါတိုင်အချို့ ဖောက်ခွဲ ဖျက်ဆီးခံရမှုတွင် နေအိမ်ခြံဝင်းများအတွင်း စိုက်ထူထားသည့် ဆက်သွယ်ရေး တာဝါတိုင်အချို့လည်း ပါနေသည်။

စက်တင်ဘာ ၇ရက်က ငါးဇွန်မြို့၊ အမှတ်(၄) ရပ်ကွက်က နေအိမ်ခြံဝင်းအတွင်း စိုက်ထူထားသော ဖုန်းတာဝါတိုင် အထိုင်စက်ပုံးအား ဖျက်ဆီးခဲ့ ရသဖြင့် Mytel/Ooredoo/Telenor ဆက်သွယ်ရေးလိုင်း ၃ လိုင်း ပျက်စီးခဲ့သွားသည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071