တိုင်း၊ ပြည်နယ်အချို့က တာဝါတိုင် ၂၀ထက် မနည်းဖျက်ဆီးခံရ

0
272

တိုင်း၊ပြည်နယ်အချို့က တာဝါတိုင် ၂၀ထက် မနည်းဖျက်ဆီးခံရ

နေပြည်တော်၊ စက်တင်ဘာ ၉ ရက်

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်ထဲက တာဝါတိုင်အချို့ မိုင်းခွဲဖျက်ဆီးခံလိုက်ရသည်။

ဖျက်ဆီးခံခဲ့ရသည့် တာဝါတိုင် အရေအတွက်မှာ ၂၀ထက်မနည်းရှိနေပြီး ယင်းအရေအတွက်သည် ၃ရက်အတွင်း ဖျက်ဆီးခ့ခဲ့ရသည့်အရေ အတွက် ဟု ကနဦးသတင်းတွေအရသိရသည်။

ဖျက်ဆီးခံရသည့်အထဲ Mytel ဖုန်းတာဝါတိုင်သာမက အခြားသော Ooredoo ဆက်သွယ်ရေးတာဝါတိုင် အချို့လည်းပါသည်ကိုတွေ့ရသည်။

စက်တင်ဘာလ ၇ ရက်နေ့ က ဖောက်ခွဲခံရသည့် အထဲ ဝမ်းတွင်းမြို့နယ်၊ ဖလံကျင်းကျေးရွာ၊ မိတ္ထီလာ-ပင်းတလဲ ကားလမ်းဘေးရှိ Mytel ဖုန်းတာဝါတိုင်၊ ဝမ်းတွင်းမြို့နယ်၊ သဲတောကျေးရွာ၏အနောက် တောင်ဘက် ၁ ဖာလုံခန့်အကွာရှိ Mytel တာဝါတိုင် ဖောက်ခွဲခံခဲ့ရသည်။

တာဝါတိုင်အချို့ ဖောက်ခွဲ ဖျက်ဆီးခံရမှုတွင် နေအိမ်ခြံဝင်းများအတွင်း စိုက်ထူထားသည့် ဆက်သွယ်ရေး တာဝါတိုင်အချို့လည်း ပါနေသည်။

စက်တင်ဘာ ၇ရက်က ငါးဇွန်မြို့၊ အမှတ်(၄) ရပ်ကွက်က နေအိမ်ခြံဝင်းအတွင်း စိုက်ထူထားသော ဖုန်းတာဝါတိုင် အထိုင်စက်ပုံးအား ဖျက်ဆီးခဲ့ ရသဖြင့် Mytel/Ooredoo/Telenor ဆက်သွယ်ရေးလိုင်း ၃ လိုင်း ပျက်စီးခဲ့သွားသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here