Conson တိုင်ဖုန်း မုန်တိုင်း မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျား

0
89

Conson တိုင်ဖုန်းမုန်တိုင်း မြန်မာနိုင်ငံဘက်သို့ဦးတည်ရွေ့လျား

ဖိလစ်ပိုင်နိုင်ငံရဲ့အနောက်ဘက်၊ ဗိယက်နမ်နိုင်ငံရဲ့အရှေ့ဘက် တောင်တရုတ်ပင်လယ်ပြင်က Conson တိုင်ဖုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားလာနေပါတယ်။

အဆိုပါမုန်တိုင်းဟာ နောက် ၂ရက်အတွင်းအားအလွန်ကောင်းတဲ့ တိုင်းဖုန်းမုန်တိုင်းအဖြစ်ကို ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပြီး ၁နာရီ ၁၀မိုင်နှုန်းနဲ့ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားနေတာပါ။

အဲဒီမုန်တိုင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှာ မိုးရွာသွန်းနိုင်ဖွယ် ရှိပြီး အန္တရာယ်ရှိတဲ့အဆင့်ကိုတော့ ရောက်ရှိလာနိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။

ယနေ့ စက်တင်ဘာလ ၉ရက်နေ့မှာတော့ မြန်မာနိုင်ငံနေရာအနှံအပြားမှား မိုးအများအပြားရွာသွန်းခဲ့ပြီး လမ်းအချို့ ရေကြီးရေလျှံတာတွေတောင် ရှိခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here