ဝင်းစိန်တောရကျောင်း အတွင်း တည်ဆောက် နေတဲ့ အောက်ဆီဂျင်စက်ရုံ စတင်လည်ပတ်

0
109

ဝင်းစိန်တောရကျောင်းအတွင်း တည်ဆောက် နေတဲ့ အောက်ဆီဂျင်စက်ရုံ စတင်လည်ပတ်

ဝင်းစိန်တောရကျောင်းဆရာတော် ဘဒ္ဒန္တသောဟုလာ (ခ) ဦးဇင်းလေးမှ ငွေကျပ်သိန်း၁၀၀ ကျော်နဲ့ မြေနေရာမတည်ခဲ့တဲ့ အောက်ဆီဂျင်စက်ရုံကို စက်တင်ဘာလ ၁၀ရက်နေ့ နေ့လယ်ပိုင်းကစပြီး စတင်ထုတ်လုပ် လည်ပတ်နေပြီလို့သိရပါတယ်။

မုဒုံမြို့နယ်၊ဝင်းစိန်တောရကျောင်းအတွင်းမှာတည်ရှိတဲ့ အောက်ဆီဂျင်စက်ရုံလည်ပတ်ဖို့အ တွက် ဦးဇင်းလေးနဲ့အတူ မုဒုံမြို့နယ် ဦးဆောင် ဆရာတော်ကြီးများ၊စေတနာရှင်များ၊ကုသိုလ် ရှင်များ၊မုဒုံမြို့သူ/သားများနဲ့ အဝေးရောက်မြို့သူ/သားများက စုပေါင်းလှူဒါန်းခဲ့ကြတာပါ။

၄င်းအောက်ဆီဂျင်စက်ရုံကနေ တနေ့ကို ၄၀ လီတာဆန့် အောင်ဆီဂျင်အိုး ၂၀၀ ခန့် ထုတ်လုပ်ပေးနိုင်မယ်လို့လည်း သိရပါတယ်။

မုဒုံမြို့နယ်ဟာ ယခင်တုန်းက အောက်ဆီဂျင်လိုအပ်လျှင် နီးစပ်ရာမြို့တွေကနေတဆင့် သယ် ယူခဲ့ရပြီး ယခုအခါ မုဒုံမြို့နယ်အတွက် အောက်ဆီဂျင် လုံလောက်စွာ ရရှိပြီဖြစ်တဲ့အပြင် တခြားမြို့တွေရဲ့ အောက်ဆီဂျင်လိုအပ်မှုအတွက်ပါ ကူညီပေးနိုင်တော့မည်ဖြစ်ကြောင်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here