၇လအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အစိုးရ ဝန်ထမ်း သေဆုံးမှု ၁၄၀၊ ဒဏ်ရာရသူ ၄၆၉ ဦး ရှိခဲ့ဟု နစကပြည်ထဲရေး ဒုဝန်ကြီးဆို

0
222

၇လအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အစိုးရဝန်ထမ်းသေဆုံးမှု ၁၄၀၊ ဒဏ်ရာရသူ ၄၆၉ ဦးရှိခဲ့ဟု နစကပြည်ထဲရေးဒုဝန်ကြီးဆို

ရန်ကုန်၊စက်တင်ဘာ ၁၀ရက်

 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဩဂုတ်လကုန်အထိ နိုင်ငံအတွင်း သတ်ဖြတ်ခံလိုက်ရ၍ သေဆုံးခဲ့ရသော အရပ်ဘက်မြို့နယ် အဆင့်နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအရေအတွက်၊ ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်ခံလိုက်ရသည့် ဦးရေ၊ အစိုးရဝန်ထမ်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ သေဆုံးမှု ဦးရေတို့မှာ ၆၀၀ကျော် ရှိပြီဟု နစကပြည်ထဲရေးဒုတိယဝန်ကြီးဗိုလ်ချုပ်စိုးတင့်နိုင်၏ နိုင်ငံတကာသံတမန်တို့ထံ ပြောကြားချက်အရ သိရသည်။

နိုင်ငံတကာသံတမန် ၂၉ ဦးနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဒုတိယဌာနေ ကိုယ်စားလှယ်တို့ တက်ရောက်ကြသည့် စက်တင်ဘာ ၉ ရက် တွေ့ဆုံရှင်းလင်းပွဲတွင် ဒုဝန်ကြီးက ၇လအတွင်း သေဆုံးသူ စုစုပေါင်း ၉၃၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁၃၁၂ ဦးရှိခဲ့သည်ဟု အချက်လက်များထုတ်ဖေါ်ခဲ့သည်။

သေဆုံး၊ဒဏ်ရာရမှုများသည် PDFများကြောင့်ဟု ဒုဝန်ကြီးက နိုင်ငံတကာသံတမန်များအား ပြောသည်။

ပြည်ထဲရေးဒုဝန်ကြီးက သေဆုံး၊ ဒဏ်ရာရမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ သံတမန်များအား ပြောကြားခဲ့သည်များမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မှဩဂုတ်လကုန်အထိ အရပ်ဘက်မြို့နယ်အဆင့်နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများအား သတ်ဖြတ် ခံရ၍ သေဆုံးသူ ၁၀၂ ဦးနှင့် ဒဏ်ရာရသူ ၁၁၇ ဦး၊ ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်ခံရသည့် ပြည်သူ ၃၆၉ ဦး၊ ဒဏ်ရာရရှိသူ ၄၄၆ ဦး၊ အစိုးရဝန်ထမ်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးမှု ၁၄၀၊ ဒဏ်ရာရသူ ၄၆၉ ဦး၊အခြားပါတီကို ထောက်ခံ အားပေး၍ သတ်ဖြတ်ခံရသူ ၂၅၃ ဦး ဖြစ်သည်ဟုသိရသည်။

ယင်းအပြင် စာသင်ကျောင်း မိုင်းခွဲ/ မီးရှို့ ဖျက်ဆီးခံရအကြိမ်ရေ ၄ဝ၆ ကြိမ်၊ အစိုးရရုံးဌာန မီးရှို့ ဖျက်ဆီးခံရမှုအကြိမ်ရေ ၃၈၆ ကြိမ်၊ ပုဂ္ဂလိကဘဏ်ဖျက်ဆီးခံရမှု ၂၉ ကြိမ်နှင့် ဘဏ်ဓားပြတိုက်မှု ၄ ကြိမ်၊ အစိုးရဘဏ် ဖျက်ဆီးခံရမှု ၂၃ ကြိမ်၊ ဈေးကြီးများ မီးရှို့ ဖျက်ဆီးခံရမှု ၉ကြိမ်၊ လမ်း/တံတားများ မီးရှို့ ဖောက်ခွဲဖျက်ဆီးခံရမှု ၁၇၂ ကြိမ်၊ လူနေအိမ်များနှင့် ရုံးများ မီးရှို့ ဖျက်ဆီးခံရမှု ၂၁၆ ကြိမ်၊ စူပါမားကက်များ ဖောက်ခွဲမီးရှို့ခံရမှု ၈ ကြိမ်၊ စက်ရုံ/အလုပ်ရုံများဖျက်ဆီးခံရမှု ၁၈ ကြိမ်၊ ပုဂ္ဂလိကပိုင် အဆောက်အအုံများဖျက်ဆီးခံရမှု ၂၈ ကြိမ်၊ ရဲစခန်း ရဲကင်းများ ဖောက်ခွဲတိုက်ခိုက်ခံရမှု၂၃၅ ကြိမ်၊ နိုင်ငံပိုင် ပစ္စည်းများ ဖျက်ဆီးခံရမှု ၃၅ ကြိမ်၊ ပုဂ္ဂလိကပိုင်ပစ္စည်း များဖျက်ဆီးခံရမှု ၄၁ ကြိမ်၊ ဆေးရုံဆေးခန်းများ မိုင်းခွဲ မီးရှို့ ဖျက်ဆီးခံရမှု ၁၉ ကြိမ်၊ မြို့ပြများ၌ အများသူငါ ဝင်/ထွက်သွားလာသည့်နေရာများ၌ မိုင်းထောင်/ဖောက်ခွဲခံရမှု အကြိမ် ၂၃၉ဝ၊ ပြည်သူများ အကြား ဗုံးဖောက်ခွဲမှုများကြောင့် သေဆုံးပြည်သူ ၆၉ ဦး ၊ဒဏ်ရာရသူ ၂၈၀ ဦးရှိကြောင်းလည်းပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here