ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရစေတီ ပုထိုးများထံ ဘုရားဖူးလာရောက်သူ တစ်နေ့လျှင် ဦးရေ ၁၀၀ ခန့် လာရောက်လျက်ရှိ

0
429

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရစေတီပုထိုးများထံ ဘုရားဖူးလာရောက်သူ တစ်နေ့လျှင် ဦးရေ ၁၀၀ ခန့် လာရောက်လျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၀

 ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ယခုအခြေနေတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ အထင်ကရစေတီပုထိုးများထံ ဘုရားဖူးလာရောက်သူ တစ်နေ့လျှင် ဦးရေ ၁၀၀ ဝန်းကျင်ထိ လာရောက်ဖူးမျှော်ကြလျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) မှ သိရသည်။

 ကိုဗစ်-၁၉ ဒုတိယလှိုင်းတွင် ပုဂံရှေးဟောင် းယဉ်ကျေးမှုနယ်မြေရှိ ဂေါပကအဖွဲ့များရှိသည့် အထင်ကရစေတီပုထိုးများကို ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်းများနှင့်အညီ ဘုရားဖူးလာရောက်ခွင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ယခုကိုဗစ်-၁၉ တတိယလှိုင်းတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု၊ သေဆုံးမှုများပြားခဲ့၍ ဘုရားဖူးလာရောက်သူ မရှိသလောက်ဖြစ်ခဲ့ပြီး ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းမှစ၍ ဂေါပကအဖွဲ့များရှိသည့် အထင်ကရစေတီ ၁၉ ဆူဖြစ်သည့် အာနန္ဒာ၊ ရွှေစည်းခုံ၊ အလိုတော်ပြည့်၊ သမ္ဗေညု၊ ကန်တော့ပလ္လင် အစရှိသည့် စေတီများသို့ ဘုရားဖူးလာရောက်သူများ နေ့စဉ် ဦးရေ ၅၀ ခန့်မှ ၁၀၀ ဝန်းကျင်ထိရှိကြောင်း သိရသည်။

 “ ပုဂံက အထင်ကရစေတီတွေမှာတော့ ဂေါပကအဖွဲ့ ၂၅ ယောက်ပါတဲ့ အဖွဲ့တွေရှိပါတယ်။ အဲ့ဒီစေတီတွေမှာတော့ အခုဩဂုတ်လကုန်ပိုင်းကနေ အခုစက်တင်ဘာလ ဒီနေ့လောက်ထိကို အထင်ကရစေတီတွေကို ဘုရားဖူးလာရောက်တာ နေ့စဉ် လူဦးရေ ၅၀ လောက်ကနေ ၁၀၀ ဝန်းကျင်လောက်ထိ ရှိနေပါတယ်။ ကိုဗစ်-၁၉ တတိယလှိုင် းစဖြစ်တဲ့အချိန်ကတော့ ပိုးကူးမှုတွေလဲများတယ်။ သေဆုံးမှုတွေလဲများခဲ့တော့ ဒေသခံတွေလဲတစ်ယောက်မှ မထွက်သလို လာရောက်သူလဲ မရှိခဲ့ပါဘူး။ အခုကတော့ အထင်ကရစေတီတွေကို အိမ်စီးကားတွေနဲ့ လာရောက်မှုတွေရှိနေပါတယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) မှ တာဝန်ရှိသူတစ်ဦးကပြော သည်။

 ပုဂံဒေသတွင် ကိုဗစ်ကာလ အတွင်း အထင်ကရစေတီ၊ နံရံဆေးရေး ပန်းချီများရှိသည့် စေတီများ စုစုပေါင်း ၁၉ ဆူတွင် ဂေါပကအဖွဲ့များထားရှိကာ ကိုဗစ်စည်းကမ်းများနှင့် အညီ ဝင်ရောက်ဖူးမျှော်ခွင့် ပြုထားပြီး ကျန်စေတီ အသေးများတွင်မူ ဂေါပကအဖွဲ့များထားရှိခြင် းမရှိဘဲ လာရောက် ဖူးမျှော်ခွင့်ပြုထား ကြောင်း၊ ထို့ပြင် ရှေးဟောင်းတန်ဖိုး မြင့်မားပြီး အထင်ကရ ဖြစ်သည့် ဘုရားပုထိုး (၂၅) ဆူကို လည်း ကိုဗစ်စည်းကမ်းနှင့်အညီ ဖူးမြော်ခွင့်ပြု နိုင်ရေး ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here