ကလေးမြို့နှင့် မင်းကင်းမြို့မအူကျေးရွာ တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး ဒေသခံပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရ

0
114

ကလေးမြို့နှင့် မင်းကင်းမြို့မအူကျေးရွာတို့တွင် တိုက်ပွဲများဖြစ်ပွားပြီး ဒေသခံပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရ

နေပြည်တော်၊cစက်တင်ဘာ ၁၁ရက်

စက်တင်ဘာ ၉ ရက်က ကလေးမြို့နှင့် မင်းကင်းမြို့ မအူကျေးရွာတို့တွင် တိုက်ပွဲများဖြစ်ပွားပြီး ဒေသခံပြည်သူများ ကြောက်လန့်တကြား နေရပ် စွန့်ခွာထွက်ပြေးခဲ့ကြရသည်။

စက်တင်ဘာလ ၉ ရက်နေ့ နေ့လယ် ၁ နာရီ ၁၅ ချိန်က ဂန့်ဂေါ-ကလေးကားလမ်းဘေး မြင်သာကျေးရွာအဝင်တွင် တိုက်ပွဲ ဖြစ်ခဲ့ကြသည်။

အဆိုပါဖြစ်စဉ်တွင် ထိခိုက်ကျဆုံးမှုများပြားခဲ့ရသည်ဟု နှစ်ဖက်စလုံးက ပြောဆိုကြသည်။

မိုးရွာသွန်းမှုများ ရှိခဲ့၍ တူမီးသေနတ်ဖြင့် ရင်ဆိုင်ခဲ့ရသည့်အတွက် အရေးမသာခဲ့ဘဲ အကျအဆုံးcများခဲ့ခြင်းဖြစ်ကာ ကျေးရွာအတွင်းရှိ နေအိမ်cအချို့ မီးလောင်ဆုံးရှုံးးမှုများလည်း ရှိခဲ့ကြသည်။

နစကဘက်က တူမီးသေနတ် ၁၁ လက်၊လက်လုပ်တစ်လုံးထိုးသေနတ် ၃ လက်၊ လက်လုပ်စိန်ပြောင်း ၈ လက်၊ လက်လုပ်လေသေနတ် ၁ လက်နှင့် တစ်လုံးထိုးကျည် ၈၃ တောင့် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း ပြောသည်။

ယင်းအပြင် PDFများ အကျအဆုံးများသည်ဟုလည်း နစဘက်က ပြောဆိုသည်။

အရေအတွက် အတိအကျကိုမူ မသိရှိရသေးပေ။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မအူကျေးရွာအတွင်း တွင် စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီအချိန်က တိုက်ပွဲဖြစ်ခဲ့သည်။

ရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရကာ အသေအပျောက် ရှိမရှိကိုမသိရသေးပေ။

 

Photo _ ​​ဒေသခံ


LEAVE A REPLY

Please enter your comment!
Please enter your name here