ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်

0
221

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်

ယနေ့အောက်တိုဘာလ ၁၁ရက်နေ့တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး နောက် ၂၄နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ် Depression အဖြစ်သို့ ရောက်ရှိလာနိုင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ နိုင်ငံကြားကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ခန့်မှန်းထားပြီး လတ်တလောအထိတော့ မြန်မာနိုင်ငံတွင်းကို ဝင်ရောက်လာနိုင်ဖွယ်မရှိသေးပါဘူး။

ယခုရက်ပိုင်းအတွင်းမှာလည်း ရန်ကုန်မြို့အပါအဝင် မြို့အချို့မှာ မိုးအများအပြားရွာသွန်းလျက်ရှိပြီးတော့ နောက် ၂ရက်အတွင်းမှာ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ မိုးများစွာရွာသွန်းပြီးတော့ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

Source – WPH


LEAVE A REPLY

Please enter your comment!
Please enter your name here