ကုမ္ပဏီ အခွန်ကြေငြာလွှာတွေကို ဒီဇင်ဘာက စပြီး အီလက်ထရောနစ် စနစ်နဲ့ တင်သွင်းနိုင်မည်

0
131

ကုမ္ပဏီအခွန်ကြေငြာလွှာတွေကို ဒီဇင်ဘာကစပြီး အီလက်ထရောနစ်စနစ်နဲ့ တင်သွင်းနိုင်မည်

ကုမ္ပဏီအခွန်ကြေငြာလွှာတွေကို ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး အီလက်ထရောနစ်စနစ်နဲ့ တင် သွင်းနိုင်တော့မယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရပါတယ်။

ဒီလိုမျိုး အီလက်ထရောနစ်စနစ် ပြောင်းလဲလို က်တဲ့အတွက် အခွန်ထမ်းတွေအနေနဲ့ အချိန် ကုန်သက်သာမယ်၊ ကုန်ကျစရိတ်သက်သာမယ်၊ လွယ်လွယ်ကူကူပဲ လှမ်းတင်လို့ရတယ်လို့ ပြည် တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောပါတယ်။

တင်သွင်းလိုသူတွေအနေနဲ့ ပြည်တွင်းအခွန်များဦးစီးဌာန ဝက်ဘ်ဆိုက် www.ird.gov.gom မှာ အကောင့် Register ပြုလုပ်ပြီးမှသာ အခွန် ကြေငြာလွှာတွေ တင်သွင်းနိုင်မယ်လို့လည်း ဦးမင်းထွဋ်က ပြောပါတယ်။

ပထမဦးဆုံး ကုမ္ပဏီတွေကို စလုပ်တာဖြစ်ပြီး အခွန်ထမ်းကုမ္ပဏီတွေ အနေနဲ့ အခွန်ကြေငြာလွှာတွေ ဖြစ်တဲ့ ၃လပတ် အထူးကုန်စည်ခွင့်ကြေငြာလွှာ၊ ၃လ၁ကြိမ် ကုန်သွယ်လုပ်ငန်းခွန် ကြေငြာလွှာ၊ အခြေခံပစ္စည်းမှ မြတ်စွန်းငွေကြေငြာလွှာ၊ နှစ်ချုပ်ကုန်သွယ် လုပ်ငန်းခွန်ကြေငြာလွှာ နဲ့ ဝင်ငွေခွန်ကြေငြာလွှာတွေကို ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးကို လူကိုယ်တိုင် လာစရာမလိုပဲ အီလက်ထရောနစ်စနစ်နဲ့ တင်သွင်းနိုင်မှာဖြစ်ပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာနမှာ အခွန်ထမ်းကုမ္ပဏီပေါင်း ၆၀၀၀၀ ကျော်ရှိပြီး အခွန်ရရှိငွေရဲ့ ၇၅% ဟာ ကုမ္ပဏီတွေနဲ့နိုင်ငံပိုင်စီးပွါးရေးအဖွဲ့အစည်းတွေရဲ့ အခွန်ထမ်းဆောင်မှုကနေ ရရှိတာဖြစ်ပြီး ကိုဗစ်၁၉ မဖြစ်ခင်နှစ်တွေကဆိုရင် အခွန်ငွေဟာ ၁နှစ်ကို ၅၀၀၀ဘီလီယံခန့် ရရှိတယ်လို့လည်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here