ဆရာဝန်(၁၀၀၀)ကျော်အား နစကအလုပ်ခေါ်

0
577

ဆရာဝန်(၁၀၀၀)ကျော်အား နစကအလုပ်ခေါ်

နေပြည်တော်၊စက်တင်ဘာ၁၃ရက်

နစက ကျန်းမာရေးဝန်ကြီးဌာနမှ လစ်လပ်နေရာတွေ အတွက် ဆရာဝန် အယောက် (၁၀၀၀) ကျော်ကို အလုပ်ခေါ်ယူနေပါတယ်။

ကုသရေးဦးစီးဌာန အတွက် ဆရာဝန်(သစ်လွင်) ၁၀၀၀ နေရာ၊ ဆရာဝန် (သွားနှင့်ခံတွင်း) ၁၀၀ နေရာနဲ့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအတွက် ဆရာဝန် (သရုပ်ပြ) ၁၀၉ နေ ရာ ခေါ်ယူနေတာပါ။

လျှောက်ထားသူတွေဟာ (၁၃.၁၀.၂၀၂၁)ရက် နေ့မှာ အသက် ၃၅ နှစ်အထက် မကျော်လွန်ရမှာဖြစ်ပြီး လျှောက်ထားသူတွေကို ရေး/ဖြေမစစ်ဆေးပဲ စိတ်အခြေအနေစစ်ဆေးခြင်းနဲ့ လူတွေ့စစ်ဆေးခြင်းတို့ကို ပြုလုပ်သွားမယ်လို့ ကြေငြာချက်မှာပါရှိပါတယ်။

ကြော်ငြာပါရာထူးတွေ အတွက် ရွေးချယ်ခြင်းခံရပါက ဗဟိုဝန်ထမ်း တက္ကသိုလ်များမှာ ဖွင့်လှစ် မယ့် အရာထမ်းလောင်း အခြေခံသင်တန်းတွေကို လတ်တလောမှာ တက်ရောက်စေခြင်း မပြုသေးပဲ ကျန်းမာရေးဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်းသစ်တွေ အဖြစ် ဦးစွာခန့်အပ်တာဝန်ပေးသွာရမယ်လို့လည်း ကြေငြာချက်ထဲမှာ ရေးသားထားပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ အထွေထွေ မေးမြန်းစုံစမ်းမှုတွေအတွက် ပြည်ထောင်စုရာထူးဝန် အဖွဲ့၊ ရုံးအမှတ် (၁၇)၊ နေပြည်တော် ၊ ဖုန်းနံပါတ် ၀၆၇-၃၄၀၉၀၅၂ နဲ့ ၀၆၇- ၃၄၀၉၄၃၀ တို့ကိုဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း အသိပေးကြေငြာထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here