မန္တလေးတွင်ပေါက်ကွဲမှုဖြစ် လုံခြုံရေးအဖွဲ့ဝင်အပါအဝင် ၂ဦးသေဆုံး

0
169

မန္တလေးတွင်ပေါက်ကွဲမှုဖြစ် လုံခြုံရေးအဖွဲ့ဝင်အပါအဝင် ၂ဦးသေဆုံး

မန္တလေး၊ စက်တင်ဘာ ၁၃ရက်


မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၉ လမ်း၊ ၅၆ လမ်းနှင့် ၅၇ လမ်းကြားရှိ ကိုဗစ်-၁၉ ရောဂါနယ်ကျော် စစ်ဆေးရေးဂိတ်၌ ယနေ့ ချိန်ကိုက်မိုင်း တစ်လုံးပေါက်ကွဲခဲ့သည်။

ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့များရှိရာ ယင်း စစ်ဆေးရေးနေရာ၏ အနောက်ဘက် အုတ်တံတိုင်းနှင့် သစ်ပင်အနီး တွင်ပေါက်ကွဲမှုဖြစ်သွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်ကြောင့် လုံ ခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးနှင့် စေတနာ့ ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ ၂ ဦး၊ မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here