ကောက်ခံလို့ရတဲ့အလှူငွေများနဲ့ မိုးမခရေလည် မိဘမဲ့ပရဟိတကျောင်းသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့တဲ့ မိုးစက်

0
207

ကောက်ခံလို့ရတဲ့အလှူငွေများနဲ့ မိုးမခရေလည် မိဘမဲ့ပရဟိတကျောင်းသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့တဲ့ မိုးစက်

ဟာသသရုပ်ဆောင် မိုးစက်ဟာ အခက်အခဲဖြစ်နေတဲ့ မိုးမခရေလည် မိဘမဲ့ပရဟိကျောင်းက ဆရာတော် အရှင်ဇဝနထံသို့ လှူဒါန်းငွေ သိန်း၂၀နဲ့ ၅သောင်းကျပ်ကို အလှူငွေများကောက်ခံရရှိလို့ လှူဒါန်းပေးခဲ့တဲ့အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားထားပါတယ်။

“ (14.9.2021)
မိုးမခရေလည်မိဘမဲ့ပရဟိတကျောင်းကို
သွားလာရန်အခက်အခဲကြောင့်
ကျွန်တော့်အိမ်မှာဘဲ အလှူရှင်များရဲ့
လှူဒါန်းငွေ သိန်း၂၀နဲ့ ၅သောင်းကျပ်ကို
ဆရာတော်အရှင်ဇဝန ထံသို့ အပ်နှံပေးခဲ့ပါတယ်။

ဦးခိုင်ဝင်းမိသားစုရဲ့ မတည်အလှူငွေ ၃သိန်းကျပ်နဲ့
ကျောင်းအတွက် လှူဒါန်းခွင့်ရအောင်
တိုက်တွန်းခဲ့မှူကြောင့်
ဒီအလှူပွဲလေးဖြစ်မြောက်ခဲ့တာပါ…။

ကျွန်တော့်ရဲ့အိမ်ကို တကူးတကလာပေးကြတဲ့
နိဗ္ဗာန်ဆော်လူရွှင်တော်ကြီးများ
အဖေကြီးဦးမိုးဒီ ၊ဦးရီးတော်ဦးကံပွင့်၊
ဦးချစ်ချော ၊ ကိုဖိုးသဲတို့ကိုလဲ
ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ….။

တစ်ခါထဲကုသိုလ်ရအောင်
ဆရာတော်တွေလဲဆွမ်းကပ်
လူကြီးတွေလဲ ဧည့်ခံကျွေးမွေးခဲ့ပါတယ်။

လှူဒါန်းပေးကြတဲ့ အလှူများလဲ
ကျေးဇူး အထူးပါခင်ဗျာ။” လို့ ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here