ကိုဗစ်၁၉ရောဂါဖြစ်ပွါးနှုန်း ၈% ထိလျော့ကျ

0
144

ကိုဗစ်၁၉ရောဂါဖြစ်ပွါးနှုန်း ၈% ထိလျော့ကျ

ကိုဗစ်၁၉ ရောဂါဖြစ်ပွါးမှုဟာ အမြင့်ဆုံး ပိုးတွေ့မှုရာခိုင်နှုန်း ၄၀% မှ ၈%ထိလျော့ကျလာတယ် လို့ စက်တင်ဘာလ ၁၃ရက်နေ့က ပြုလုပ် တဲ့ ကိုဗစ်၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ၁၂ကြိမ်မြောက် အစည်းအဝေးမှာ နစက ဒုဥက္ကဌက ပြောပါတယ်။

စက်တင်ဘာလ ၁၂ရက်အထိကို အတည်ပြုလူနာ ၄၃၁၈၈၃ ဦးရှိပြီး စက်တင်ဘာလ ၅ ရက် မှ ၁၂ရက်အတွင်း ရောဂါတွေ့ရှိမှု ၁၀%မှာ ၈% အထိ ကျဆင်းလာတယ် လို့လည်း ပြောပါတယ်။

ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် အခုလို ပိုးတွေ့မှု ရာခိုင်နှုန်းလျော့ကျလာတာဖြစ်ပြီး ၂လအတွင်းမှာ ရောဂါပိုး ကူးစက်မှုနှုန်း က သိသိသာသာကျဆင်းလာတယ်လို့လည်း နစက ဒုဥက္ကဌက ပြောပါတယ်။

ဒါပေမယ့် နစကကျန်းမာရေး ဝန်ကြီးဌာနရဲ့ သုံးသပ် ချက်နဲ့ နိုင်ငံတကာရဲ့ စံနှုန်းတွေအရ ကူးစက်မှုနှုန်း ၅%အောက်ရောက်မှသာ စိတ်ချ ရမယ့် အခြေအနေဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

နိုင်ငံမှာ နိုင်ငံ့ ဝန်ထမ်းစာရင်း အရ ၈သိန်ူကျော်ရှိပြီး ၄သိန်းကျော်မှာ ကာကွယ်ဆေးထိုးနှံပြီးဖြစ် တာကြောင့် ၅၀%ကျော် ဆေးထိုးပြီး ဖြစ်ကြောင်းနဲ့ စက်တင်ဘာလ ၁၃ရက်နေ့ကစပြီး အစိုးရရုံးတွေအနေနဲ့ ၂ပတ်တက် ၂ပတ်နားစနစ်နဲ့ စတင်ဆောင်ရွက်နေတဲ့ အကြောင်း လည်း ပြောကြားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here