လေဆိပ်ကုန်လှောင်ရုံအတွင်းက ဆေးနဲ့ဆေးပစ္စည်းတွေကို အမြန်ဆုံးထုတ်ယူကြဖို့ အကောက်ခွန်ကြေငြာ

0
146

လေဆိပ်ကုန်လှောင်ရုံအတွင်းက ဆေးနဲ့ဆေးပစ္စည်းတွေကို အမြန်ဆုံးထုတ်ယူကြဖို့ အကောက်ခွန်ကြေငြာ

အကောက်ခွန်ဦးစီးဌာနမှ လေဆိပ်ကုန်လှောင်ရုံမှာ ရောက်ရှိနေတဲ့ ဆေးနဲ့ဆေးပစ္စည်းတွေကို စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံး ထားပြီး အမြန်ဆုံး လာရောက်ထုတ်ယူကြဖို့ အသိပေးကြေငြာချက်ထုတ်ထားပါတယ်။

ဇူလိုင်လ ၁၇ရက်ကစပြီး လေကြောင်းနဲ့ ရေ ကြောင်းတို့ကနေတဆင့်တင်သွင်းလာတဲ့ ကိုဗစ်၁၉ ကာကွယ်/ထိန်းချုပ်/ကုသရေးပစ္စည်းနဲ့ ဆေးဝါးတွေကို တင်သွင်းသူတွေထံ ထုတ်ပေးနိုင်ဖို့အတွက် ပိတ်ရက်မရှိဆောင်ရွက်ခဲ့ပါတယ်။

ဇူလိုင်လ ၁၇ရက်နေ့မှ စက်တင်ဘာလ ၁၂ရက် နေ့ထိ ဖိုင်အရေအတွက် ၁၆၃၅ စောင်ကို နှစ်ပတ်အတွင်း အပြီးသတ်ရှင်းလင်းပေးရန် ကတိ ခံဝန်ချက်နဲ့ ကြိုတင်ထုတ်ပေးခဲ့ပြီး ၄င်းဖိုင်တွေအနက် ၁၀၆၁ ဖိုင်သာ အပြီးသတ်ရှင်းလင်းခဲ့ပြီး ၅၇၄ ဖိုင်ကတော့ ရှင်းလင်းဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ဒါကြောင့် ရှင်းလင်းဖို့ကျန်ရှိနေသေးတဲ့ ဖိုင်တွေကို အပြီးသတ်လာရောက်ရှင်းလင်းရန်နဲ့ ထုတ် ယူဖို့ကျန်ရှိနေသေးတဲ့ ဆေးနဲ့ဆေး ပစ္စည်းတွေ ကို အမြန်ဆုံးလာရောက်ထုတ်ယူဖို့ကို အသိပေးကြေငြာထားပြီး လာရောက်ထုတ်ယူခြင်း၊ စာရင်းရှင်းလင်းမပြုတဲ့ သက်ဆိုင် ရာ ကုမ္ပဏီတွေကို အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း အသိပေးကြေငြာ ထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here