BTS အဖွဲ့ဝင်တွေ အထူးသံတမန်အဖြစ် ခန့်အပ်ခံရ

0
355

BTS အဖွဲ့ဝင်တွေ အထူးသံတမန်အဖြစ် ခန့်အပ်ခံရ

BTS အဖွဲ့ဝင်တွေဟာ K-Pop နယ်ပယ်ထဲမှာ တောင်ကိုရီးယားရဲ့ ပထမဆုံး အထူးသံတမန် အဖြစ် ခန့်အပ်ခံရတဲ့ အနုပညာရှင် တွေဖြစ် လာပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက အိမ် ပြာတော်မှာ BTS အဖွဲ့ဝင်တွေကို အထူးသံတမန်အဖြစ် စက်တင်ဘာလ ၁၄ရက်နေ့က
ခန့်အပ်ခဲ့ပါတယ်။

သမ္မတမွန်ဂျေအင်းက BTS အဖွဲ့ဝင်တွေကို သံတမန် ခန့်အပ်လွှာ, သံတမန်ပတ်စပို့နဲ့ ဖောင်တိန်ဘောပင်တို့ကို ပေးအပ်ခဲ့ပြီး အဖွဲ့ဝင်တွေနဲ့ တရင်းတနှီး နှုတ်ဆက်ခဲ့ပါသေးတယ်။

စက်တင်ဘာလ ၁၉ရက်နေ့ ၂၃ ရက်နေ့အထိကြာမယ့် တောင်ကိုရီးယားသမ္မတရဲ့ အမေရိကန်ခရီးစဉ်မှာလည်း BTS အဖွဲ့ဝင်တွေဟာ အတူ လိုက်ပါရပါလိမ့်မယ်။

ဒါ့အပြင် BTS အဖွဲ့ဟာ သမ္မတသံတမန် အဖြစ် ၇၆ကြိမ်မြောက် ကုလသမဂ္ ဂအထွေထွေညီလာခံ ( UNGA 76) ပထမဆုံးတရားဝင် တက်ရောက် မှာဖြစ်ပြီး ဖျော်ဖြေတင်ဆက်မှုဗွီဒီယိုကိုပါ ပြသသွားမှာပါ။

 


LEAVE A REPLY

Please enter your comment!
Please enter your name here