နိုင်ငံတကာကျောင်းသားများအတွက် “Job Fair for International Students 2021” အလုပ်အကိုင်ပြပွဲအား တောင်ကိုရီးယားတွင် ကျင်းပပြုလုပ်မည်

0
61

နိုင်ငံတကာကျောင်းသားများအတွက် “Job Fair for International Students 2021” အလုပ်အကိုင်ပြပွဲအား တောင်ကိုရီးယားတွင် ကျင်းပပြုလုပ်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၅

နိုင်ငံတကာရှိ ကျောင်းသားများအတွက် “Job Fair for International Students 2021” အလုပ်အကိုင်ပြပွဲကြီးအား တောင်ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့၊ ဂန်မ်နမ်ရှိ SETEC 3 Hall တွင် Hyundai Mobis Co.,Ltd အပါအဝင် တောင်ကိုရီးယား ကုမ္ပဏီပေါင်း(၇၀) ကျော်ခန့် ပါဝင်မည်ဖြစ်ပြီး အဆိုပါပွဲအား အောက်တိုဘာလ (၁၂)ရက်မှ (၁၃)ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းပြပွဲတွင် ကားကုမ္ပဏီများ၊ Service ပိုင်းနှင့်ဆိုင်သောလုပ်ငန်းများ၊ Start-up business များနှင့် Software နှင့်နည်းပညာပိုင်းဆိုင်ရာ ကုမ္ပဏီများ အစရှိသော ကုမ္ပဏီပေါင်းများသွာပါဝင်ပြသမည်ဖြစ်ကြောင်းသိရသည်။

ထို့နောက် အဆိုပါပွဲအား မြန်မာနိုင်ငံ အပါအဝင် အပြည်ပြည်ဆိုင်ရာမှ တောင်ကိုရီးယားတွင် ပညာလာရောက် သင်ကြားနေကြသော ကျောင်းသားများ အားလုံး လျှောက်ထားနိုင်ပြီး စိတ်ပါဝင်စားသူ မြန်မာကျောင်းသား၊ ကျောင်းသူများ အနေဖြင့် Website Link မှလည်း စက်တင်ဘာ (၂၃)ရက်နေ့မတိုင်မီ ကြိုတင် စာရင်းသွင်းလျှောက်ထားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here