မွေးနေ့အလှူအဖြစ် လမ်းမှာသွားလာနေတဲ့ သူတွေအတွက် စားသောက်ကုန်များ လှူဒါန်းခဲ့တဲ့ သဇင်နွယ်ဝင်း

0
271

မွေးနေ့အလှူအဖြစ် လမ်းမှာသွားလာနေတဲ့ သူတွေအတွက် စားသောက်ကုန်များ လှူဒါန်းခဲ့တဲ့ သဇင်နွယ်ဝင်း


အစီအစဉ်တင်ဆက်သူ သဇင်နွယ်ဝင်းက သူမရဲ့မွေးနေ့အလှူအနေနဲ့ လမ်းမမှာ သွားလာနေကြတဲ့ ပြည်သူတွေအတွက် ဆန်နဲ့ စားသောက်ကုန် များ လှူဒါန်းခဲ့တဲ့အကြောင်းကို သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။

“ သဇင် ဒီနှစ်မွေးနေ့ အလှူအမှတ်တရလေး 🙏 🎂

ဆန်၊ ထောပတ်ကိတ်မုန့်၊ ငါးသေတ္တာ၊ မြိတ်ငါးပိထောင်း(ပျံ့သင်း) စုံစုံလင်လင်လေးဖြစ်အောင် တနိုင်တပိုင်လေး လှူဖြစ်တယ်…
အထူးအထူးကျေးဇူးတင်ပါရစေရှင်….
ဝေးနေကြပေမဲ့သတိတရနဲ့ မွေးနေ့ဆုတွေအများကြီးတောင်းပေးတဲ့ ချစ်ရသူများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်.. သဇင် ဘုရားရှိခိုးတိုင်း ချစ်ခင်ရသူများအားလုံးအတွက် အမြဲဆုတောင်းပေးပါတယ်🙏
မနေ့ကရော ဒီမနက်ရော အလှူအတွက်ပြင်ဆင်နေလို့ သဇင် မွေးနေ့ဆုတောင်းတွေအချိန်ရတာနဲ့ reply ပြန်ပေးပါမယ်နော်…
အားလုံးလိုလို အဆင်မပြေကြတဲ့ ဒီလိုကာလကြီးမှာ အခက်အခဲတွေ ပူပင်သောကတွေ အမြန်ပြေပျောက် လွတ်မြောက်ငြိမ်းအေးပြီး အနာရောဂါ၊ ကပ်ရောဂါကင်းဝေး၍ သက်ရှည်ကျန်းမာ စိတ်ချမ်းသာပါစေ။” လိုရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here