ရသေ့တောင်မှ အောက်ဆီဂျင်စက်ရုံ ဆောက် လုပ်ပြီးစီး

0
162

ရသေ့တောင်မှ အောက်ဆီဂျင်စက်ရုံ ဆောက် လုပ်ပြီးစီး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မှာ ဆောက်လုပ်နေတဲ့ အောက်ဆီဂျင်စင်ဟာ စက်တင်ဘာလ ဒုတိ ယပတ်က စတင်ပြီး အောက်ဆီဂျင်တွေ ထုတ်လုပ်နိုင်ပြီလို့ သိရပါတယ်။

တရက်ကို အောက်ဆီဂျင် ၄၀လီတာအိုး ၇၅လုံးခန့် ထွက်ရှိမှာဖြစ်ပြီး အောက်ဆီဂျင် စက်ရုံအတွက် ဒေသခံ ပြည်သူတွေရဲ့ ပူးပေါင်းမှုနဲ့ ငွေကျပ်သိန်း ၁၀၀၀ ကျော် အကုန်အကျခံပြီး ဆောက်လုပ်ထားကြောင်းလည်း သိရပါတယ်။

စက်ရုံကထွက်ရှိတဲ့ အောက်ဆီဂျင် တွေကို အနီးတဝိုက်မှာရှိတဲ့ မြို့နယ်နဲ့ တိုက်နယ်ဆေးရုံတွေကို လိုအပ်ချက်အရ အခမဲ့ ဖြန့်ဝေပေးမယ် လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်က အောက်ဆီဂျင် စက်ရုံကို ၂၀၂၁ ခုနှစ် ဇူလိုင်လ စတင်ဆောက်လုပ်တာဖြစ်ပြီး စက်တင်ဘာလ ဒုတိယပတ် မှာပြီးစီးတာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here