သက်တမ်း ၂၄နှစ်ကျော်ရှိပြီဖြစ်တဲ့ အမေ့သားရခိုင်မုန့်တီအသုပ်ဆိုင်လေး

0
241

သက်တမ်း ၂၄နှစ်ကျော်ရှိပြီဖြစ်တဲ့ အမေ့သားရခိုင်မုန့်တီအသုပ်ဆိုင်လေး


၃၅လမ်း အလယ်ဘလောက်က အမေ့သား ရခိုင်မုန့်တီ အသုပ်စုံဆိုင်လေး တစ်ဆိုင်ဖွင့်လာခဲ့တာ အခုဆို သက်တမ်း ၂၄နှစ်အချိန် ကာလကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ ၂၄နှစ်အချိန်ကာလ သက်တမ်းအတိုင်း ဒီအသုပ်ဆိုင်လေးမှာ ဝယ်ယူအားပေးနေတဲ့ ရုံးဝန်ထမ်းတွေ၊ စားသုံးသူတွေ လည်း အများကြီး ရှိလာခဲ့တာလည်း တွေ့ရပါတယ်။ မိသားစု စားဝတ်နေရေးအရ လုပ်လာခဲ့တဲ့ စီးပွါးရေးလေးကို တန်ဖိုး ထားတဲ့ အကြောင်းကိုလည်း အသုပ်စုံဆိုင်ပိုင်ရှင် ဦးသောင်းတင့်က အခုလိုပဲပြောပြခဲ့ပါတယ်။

“ ကျွန်တော်အသုပ်စုံဆိုင်လေးဖွင့်လာတာ ၂၄နှစ်လောက်ရှိခဲ့ပါပြီ။ စစချင်းဖွင့်တုန်းကတော့ ကျွန်တော့်ရဲ့ သူငယ်ချင်းက အရင်းအနှီး ထုတ်ပေးတယ်။ အဲ့ကနေ ဒီဆိုင်လေးဖွင့်လာနိုင်ခဲ့ပြီး အခုဆို မိသားစုနဲ့ ကောင်းကောင်းမွန်မွန် နေနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကလေးတွေ လိုအပ်တဲ့ အရာတွေကိုလည်း အကုန်လုံး လိုက်မဖြည့်ဆည်းပေးနိုင်ခဲ့ပေမယ့် ၃ခုလောက်တောင်းရင် ၁ခုလာက်တော့ ရအောင် ဖြည့်ဆည်း ပေးနိုင်အောင် ကြိုးစားတယ်။ ကျွန်တော်ပြောချင်တာက ကျွန်တော့်လိုပဲ ဒီလိုမျိုးစီးပွါးရေး လုပ်ကိုင်နေတဲ့သူတွေ ရှိရင်လဲ အလုပ် တစ်ခုလုပ်ရင် ဇွဲရှိရှိနဲ့အကောင်းဆုံး လုပ်ကိုင်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ကို တန်ဖိုးရှိစွာနဲ့ လုပ်ကိုင်မှ အလုပ်ကလည်း ကိုယ့်ကို တန်ဖိုးထားမှာ ဆိုတော့ အကောင်းဆုံးကြိုးစားကြပါ။” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here