ဧရာဝတီတိုင်းအတွင်းက ဘုန်းကြီးကျောင်းတိုက်တွေမှာ လူပုဂ္ဂိုလ်တွေကို တည်းခိုနေထိုင်ခြင်းခွင့်မပြုဖို့ ဧရာဝတီတိုင်းသံဃနာယကအဖွဲ့ ညွှန်ကြား

0
350

ဧရာဝတီတိုင်းအတွင်းက ဘုန်းကြီးကျောင်းတိုက်တွေမှာ လူပုဂ္ဂိုလ်တွေကို တည်းခိုနေထိုင်ခြင်းခွင့်မပြုဖို့ ဧရာဝတီတိုင်းသံဃနာယကအဖွဲ့ ညွှန်ကြား

ဧရာဝတီတိုင်းဒေသကြီး အတွင်းက ဘုန်းကြီးကျောင်းတိုက်တွေမှာ လူပုဂ္ဂိုလ်များကို‌ တည်းခိုနေထိုင်ခြင်း ခွင့်မပြုဖို့ ဧရာဝတီတိုင်း ဒေသကြီး သံဃနာယကအဖွဲ့က ညွှန်ကြားထားပါတယ်။

 ဘုရားရှင်၏အလိုတော်ဆန္ဒနှင့်လည်းကောင်း၊ဓမ္မဝိနယများနှင့် လည်းကောင်း၊ အခြေခံစည်းမျဉ်း အခန်း(၂) အပိုဒ်(၃)နှင့်လည်းကောင်း ဆန့်ကျင်နေသော သက်ကြီးရွယ်အို သားသမီးကျော ထောက်နောက်ခံမရှိသော ခမည်းတော်၊ မယ်တော်မှတပါး မာတုဂါမများအပါအဝင် အမြဲနေထိုင်သူ လူပုဂ္ဂိုလ်များကို ရဟန်းတော်များ သီတင်းသုံးရာကျောင်းတိုက်အတွင်းမှ ဖယ်ရှားပေးရန်နှင့် ညအိမ်ညနေ ဧည့်သည်များ တည်ခိုနေထိုင်ခြင်းမပြုရန်ကို တိုင်းဒေသကြီး/မြို့နယ် သံဃနာယက အဖွဲ့ဆရာတော်တွေက မိမိတို့ဂိုဏ်း အလိုက် သက်ဆိုင်ရာ ဆရာတော်တွေ ဆီကို အသိပေးလျှောက်ထားဖို့ အကြောင်းကြားထားပါတယ်။

အဲ့ဒီ့ ညွှန်ကြားချက်ဟာ မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကြီးက ဆုံးဖြတ်ချက်ဖြစ် ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here