သရုပ်ဆောင်ထူးခန့်ကျော်ဆေးခန်းမှာ ကျီးပေါင်းလာရောက်ကုသခဲ့တဲ့ ယွန်းရွှေရည်

0
363

သရုပ်ဆောင်ထူးခန့်ကျော်ဆေးခန်းမှာ ကျီးပေါင်းလာရောက်ကုသခဲ့တဲ့ ယွန်းရွှေရည်

သရုပ်ဆောင်ထူးခန့်ကျော်ဟာ လတ်တလောမှာ ကိုဗစ်ရောဂါတွေကြောင့် သူ့ရဲ့ဆေးခန်းကို ခေတ္တခနပိတ်ထားရခဲ့ပြီး စက်တင်ဘာလ ပထမ အပတ်လောက်မှာ ပြန်လည်ဖွင့်လှစ်လာခဲ့ရာ ရောဂါလာကုတဲ့သူတွေရှိခဲ့ပါတယ်။အဲ့ဒီထဲကမှ သရုပ်ဆောင် ယွန်းရွှေရည်ကလည်း သူမရဲ့ကျီးပေါင်းဝေဒနာရောဂါလာရောက်ကုသခဲ့ကြောင်းကို ထူးခန့်ကျော်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲရေးထားပါတယ်။

“ ယုံကြည်စွာဖြင့်ကျီးပေါင်းဝေဒနာ အားလာရောက် ကုသခံယူပြီးသက်သာမှု့ရခဲ့ပါသော သရုပ်ဆောင်မှု့အရမ်းပီပြင်သော ရုပ်ရှင်နှင့်ဗွီဒီယို သရုပ်ဆောင်ယွန်းရွှေရည် အားအထူးပင်ကျေးဇူးတင်ရှိသလို ပါရမီဖြည့်ကုသမှု့ရခဲ့လိုလည်း အင်မတန်ပီတိဖြစ်ခဲ့ရလေသည် စိတ်သဘော ထား အရမ်းကောင်းလွန်လှပြီး ဘာသာတရား အလွန်ကိုင်းရှိုင်းလှသော သမီးငယ်လေးရဲ့ ရောဂါဝေဒနာများ အမြန်မကြာ သက်သာပျောက်ကင်း ပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း အမျိုးများအားလုံးကျန်းမာလို့ချမ်းသာကြပါစေနော်” လို့ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here