စီးပွါးရေးလုပ်လို့ရတဲ့ ငွေလေးတွေထဲက အဆင်မပြေတဲ့သူတွေကို တက်နိုင်သလောက် လှူဒါန်းသွားမယ် ဆိုတဲ့ ထက်ထက်ထွန်း

0
305

စီးပွါးရေးလုပ်လို့ရတဲ့ ငွေလေးတွေထဲက အဆင်မပြေတဲ့သူတွေကို တက်နိုင်သလောက်လှူဒါန်းသွားမယ် ဆိုတဲ့ ထက်ထက်ထွန်း


မော်ဒယ်သရုပ်ဆောင်ထက်ထက်ထွန်းကတော့ ကိုဗစ်ကာလ အနုပညာအလုပ်များ နားနေရတဲ့အချိန်မှာ ကိုယ်ပိုင်စီးပွါးရေးတစ်ခုဖြစ်တဲ့ Delivery ပို့တဲ့ လုပ်ငန်းကိုလုပ်ကိုင်နေပြီး အခုဆိုရင်လည်း ဖုန်းဆိုင်ဖွင့်ကာ စီးပွါးရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အကြောင်းကို အခုလို ပဲပြောပြခဲ့ပါတယ်။

“ ထက်တို့အနုပညာအလုပ်တွေ နားထားရတဲ့အချိန်မှာ တခြားဘာမှလုပ်စရာ စီးပွါးရေးမရှိဘူး။ အဲ့ဒီအချိန်မှာ ထက် Deliveryပို့တဲ့ လုပ်ငန်း လုပ်တယ်။ လုပ်တဲ့အချိန်မှာလည်း အကုန်အဆင်ပြေခဲ့တယ်။ အဲ့လုပ်ငန်းကိုလည်း ဝန်ထမ်းတွေနဲ့ အဆင်ပြေပြေ လုပ်ကိုင်ခဲ့ တယ်။ အခုတော့ Lwin Moe ဆိုတဲ့ဖုန်းဆိုင်လေးမှာ သေချာအာရုံစိုက် လုပ်ဖြစ်နေတယ်။ ဘာဖြစ်လို့ စီးပွါးရေးကို သေချာ အာရုံစိုက် လုပ်ဖြစ်နေတာလဲ ဆိုတော့ ထက်တို့ ပိုက်ဆံရှာရမယ်။ ပိုက်ဆံရှိမှလည်း အလှူအတန်းတွေ အများကြီး လုပ်နိုင်မှာဖြစ်တယ်။ အဲ့ဒါကြောင့် ထက်တက်နိုင်သလောက် အကောင်းဆုံး စီးပွါးရေးကို အားစိုက်ပြီး လုပ်မယ်။ စီးပွါးရေး လုပ်လို့ရတဲ့ ပိုက်ဆံထဲကလည်း သုံးဖို့ အတွက်ဖယ်ပြီး လှူဖို့အတွက်လည်း ပိုက်ဆံဖယ်ပြီး အဆင်မပြေတဲ့သူတွေကို အတက်နိုင်ဆုံး လှူဒါန်းသွားမယ်။” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here