နိုင်ငံတစ်ဝန်း မိုးစပါးစိုက်ဧက ၁၄ ဒသမ ၆၇ သန်း စိုက်ပျိုးထားပြီးဖြစ်

0
369

နိုင်ငံတစ်ဝန်း မိုးစပါးစိုက်ဧက ၁၄ ဒသမ ၆၇ သန်း စိုက်ပျိုးထားပြီးဖြစ်

နေပြည်တော် စက်တင်ဘာ ၂၁

 ယခုနှစ် နိုင်ငံတစ်ဝန်း မိုးစပါးစိုက် ဧကများအနက် စိုက်ဧကပေါင်း ၁၄ ဒသမ ၆၇ သန်း စိုက်ပျိုးပြီးစီး ထားပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

ယခုနှစ် မိုးစပါးစိုက်ရာသီတွင် နိုင်ငံတစ်ဝန်း၌ မိုးစပါးစိုက်ဧက ပေါင်း ၁၅ သန်းကိုစိုက်ပျိုးသွားရန် လျာထားဆောင်ရွက်နေပြီး လက်ရှိ ရာသီဥတု အခြေနေအရ အဆိုပါ စိုက်ဧက ၁၅ သန်းကို လျာထားဆောင်ရွက်ထားဖြင်းဖြစ်ကြောင်း၊ ထိုသို့ မိုးစပါးများစတင် စိုက်ပျိုးချိန် မှစ၍ ယခု စက်တင်ဘာလ ၁၅ ရက်နေ့ထိတွင် နိုင်ငံတစ်ဝန်းစိုက်ဧကပေါင်း ၁၄ ဒသမ ၆၇ သန်း ရာခိုင်နှုန်းအားဖြင့် ၉၇ ဒသမ ၅၉ ရာခိုင်နှုန်းထိ ပြီးစီးထားပြီဖြစ်ကြောင်း သိရသည်။

” ဒီနှစ်မိုးစပါးအတွက်က စိုက်ဧက ၁၅ သန်း စိုက်ပျိုးသွားဖို့လျာထားပါတယ်။ အခု ဒီလ ၁၅ ရက်နေ့ထိကိုတော့ ၉၇ ဒသမ ၅၉ ရခိုင်နှုန်းထိ ပြီးပြီဆိုတော့ ဘယ်လောက်မှမကျန်တော့ပါဘူး။ လျာထားဧကကို ပြည့်မီအောင်စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။” ဟု စိုက်ပျိုးရေး၊ မွေးမြူရေး နှငိ့ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ယခု ၂၀၂၀–၂၀၂၁ ခုနှစ် မိုးရာသီအတွင်း နိုင်ငံတစ်ဝှမ်းတွင် မိုးသီးနှံဧက (၁၆ ဒသမ ၅)သန်းကျော် ကို စိုက်ပျိုးလျက်ရှိရာ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြစ်ရေကြီး ခြင်းနှင့် ပင်လယ်ဒီရေ မြင့်တက်ခြင်း တို့ကြောင့် ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်း ထိတွင် မိုးစပါး စိုက်ဧက ၁၅၀၀၀၀ ကျော် ရေကြီးနစ်မြုပ်မှု ရှိခဲ့ကြောင်း၊ ထိုသို့ ရေနစ် မြုပ်မှုကြောင့် ပျက်ဆီးဆုံးရှုံးသည့် မိုးစပါးစိုက်ဧက များအတွက် အချိန်မီပြန်လည် စိုက်ပျိုးနိုင်ရေး မျိုးစေ့များ ထောက်ပံ့ကူညီနိုင်ရန် အလုံ အလောက် ရှိထားပြီး လက်ရှိတွင် မွန်ပြည်နယ်၌ ရေနစ်မြုပ်မှု အများဆုံး ဖြစ်ပေါ်လျက် ရှိပြီး ပျက်ဆီးဧကများ အတွက် အချိန်မီပြန်စိုက်ပျိုးနိုင်ရန် မျိုးစပါး များထောက်ပံ့ ပေးနိုင်ရေး ဆောင်ရွက် နေကြောင်း သိရသည်။

Photo Credit : www.bnionline.net


LEAVE A REPLY

Please enter your comment!
Please enter your name here