ကိုဗစ်ကာကွယ်ဆေးထိုးပြီးတိုင်း ပေါ့ပေါ့ဆဆမနေသင့်ပါဘူး

0
220

ကိုဗစ်ကာကွယ်ဆေးထိုးပြီးတိုင်း ပေါ့ပေါ့ဆဆမနေသင့်ပါဘူး

ကမ္ဘာတစ်ဝှမ်း ကိုဗစ်ရောဂါ ဖြစ်ပွါးမှုဟာ နှစ်နဲ့ချီဖြစ်လာခဲ့ပြီး သေဆုံးမှုဦးရေလည်း များပြားစွာရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းနဲ့ တတိယလှိုင်းတို့ဆိုပြီး ဖြစ်ပွါးမှုတွေဖြစ်ခဲ့ပြီး လက်ရှိဖြစ်ပွါးနေတဲ့ ကိုဗစ်တတိယလှိုင်းမှာ သေဆုံးမှုတွေ အများအပြား ရှိခဲ့ပါတယ်။ လက်ရှိမှာ ကိုဗစ်ရောဂါကာကွယ်ဖို့ ကာကွယ်ဆေး ထိုးနှံသူတွေ အများအပြား ရှိနေပြီး ကာကွယ်ဆေးဟာ နှစ်တိုင်းထိုးရမယ့် ကာကွယ်ဆေးလိုမျိုး ဖြစ်သွားမှာပါလို့ Dr.Steve(ထိုင်ဝမ်)က အခုလိုပဲပြောပြခဲ့ပါတယ်။

“ ကိုဗစ်ကာကွယ်ဆေးက လူတိုင်းထိုးထားသင့်တာ ကာကွယ်ဆေးတမျိုးပါ။ ဒါပေမယ့် ကိုဗစ်ကာကွယ်ဆေးထိုးပြီး လည်း ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ ဥပမာ-Mask မတပ်တို့လိုမျိုးပါ။ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့သူတွေလည်း ရောဂါကတော့ ကူးစက်ခံရမှာပါပဲ။ ဒါပေမယ့် ကွာခြားသွားတာ တခုက ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ သူက ရောဂါကို ပြင်းပြင်ထန်ထန် မခံစားရဘဲ အနည်းငယ်သာ ခံစားရမှာ ဖြစ်တဲ့အတွက် စိတ်ပူစရာမလိုပါဘူး။ ကိုဗစ်ကိုယ့်ဘာသာ ပျောက်သွားပြီး Antibody လည်းထွက်လာပြီ ဆိုရင်တော့ ကာကွယ်ဆေး ထိုးစရာမလိုဘူးပေါ့။ ဒါပေမယ့် အဲ့ဒီ Antibody ကနောက်ပိုင်း ကိုဗစ်ဖြစ်ပြီးတဲ့လူတွေမှာ ဘယ်လောက်ကြာရင် ဆေးထိုး ရမလာ ဆိုတာအငြင်းပွါးစရာတော့ ဖြစ်လာပါတယ်။ အများအားဖြင့် ကျွန်တော်တို့ သဘောတူညီကြတာ ကတော့ ၃လကနေ ၆လ အတွင်းမှာတော့ ကာကွယ်ဆေးပြန်ထိုးလို့ရမှာဖြစ်ပါတယ်။ဒီကာကွယ်ဆေးတွေအကုန်လုံးကလည်း ၁နှစ်လောက်ပဲခံတာဆိုတော့ နှစ်တိုင်းထိုးရမယ့် ကာကွယ်ဆေးလိုဖြစ်သွားမှာပါ။” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here