မွေးနေ့မှာ စက်မှုအလွှာက ရုပ်ရှင် အနုပညာမောင်နှမတွေကို ဆုံတွေ့ပြီး လှူခွင့်ရလို့ တန်ဖိုးထားပြီး ပျော်တယ် ဆိုတဲ့ ခိုင်သင်းကြည်

0
301

မွေးနေ့မှာ စက်မှုအလွှာက ရုပ်ရှင်အနုပညာမောင်နှမတွေကို ဆုံတွေ့ပြီး လှူခွင့်ရလို့ တန်ဖိုးထားပြီး ပျော်တယ်ဆိုတဲ့ခိုင်သင်းကြည်

အကယ်ဒမီ သရုပ်ဆောင်ခိုင်သင်းကြည်က ဒီကနေ့စက်တင်ဘာလ၂၇ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့အလှူအဖြစ် ဓမ္မဝိဟာရ စာသင်ကျောင်း အတွက် နဝကမ္မအလှူငွေ၅သိန်း၊ရုပ်ရှင်စက်မှုအလွှာ စက်အဖွဲ့သားများအတွက် အလှူငွေ၃၅သိန်းနဲ့ သရုပ်ဆောင် အေးသီတာ တို့ရဲ့ရူတင်ထမင်းဘူး ၃၀၀ကိုလည်း စက်အဖွဲ့သားများ အတွက် လှူဒါန်းခဲ့ပါတယ်။ မွေးနေ့မှာ ရုပ်ရှင်စက်အဖွဲ့သား များအတွက် အလှူငွေများလှူဒါန်းဖြစ်ခဲ့တဲ့အကြောင်းကိုလည်း ခိုင်သင်းကြည်ကအခုလိုပဲပြောပြခဲ့ပါတယ်။

“ မခိုင်က အဓိကစက်အဖွဲ့သားတွေကို လှူဖြစ်တာက စက်မှုအလွှာဆို အခုကာလကကားရိုက်တွေ လည်းအကုန် နားထားတဲ့ အချိန်ဖြစ် တော့ အခက်အခဲတွေ ရှိတော့ မခိုင်ရဲ့မွေးနေ့မှာ စက်အဖွဲ့တွေအတွက် လှူဒါန်းဖြစ်တာပါ။ ပြီးတော့ သူတို့တွေနဲ့ မတွေ့ရတာလည်း ကြာပြီ။ မတွေ့ရတာက ပြီးခဲ့တဲ့ ၂၀၂၀ ချောင်းသာမှာဇာတ်ကားရိုက်ပြီးကတည်းကဆိုတော့ အခုဆိုရင် ၂နှစ်ပါးလောက် ရှိသွားပြီ။ အခုသူတို့တွေကို ပြန်တွေ့ရတဲ့အခါကျတော့ သူတို့ကိုမြင်ပြီးတော့ ကြည်နူးတယ်။သူ တို့နဲ့ပြန်တွေ့ရတာ အရင်တုန်းက ကိုဗစ်တွေ မဖြစ်ခင် ကာကလ အချိန်လေးတွေ လွမ်းမိတယ်။ ကိုဗစ်တတိယလှိုင်းကိုဖြတ်ကျော်ပြီး ဒီအချိန်မှာ ကျန်းကျန်းမာမာနဲ့ အကုန်လုံးပြန်ဆုံ ရတာလည်း နည်းတဲ့ ကုသိုလ်ကံလား၊ မသေလို့ တွေ့ကြရတာမို့ ပိုတန်ဖိုးထားပြီး ပျော်တယ်။ နောက်တခုက လွန်ခဲ့တဲ့နှစ် ၂၀ကျော် လောက်မှာ မခိုင် သရုပ်ဆောင်တဲ့ ကားကို ပထမဦးဆုံးအနေနဲ့ ကင်မရာမန်းအနေနဲ့ ရိုက်ပေးခဲ့တဲ့ ညွန့်ညွန့် ( အကယ်ဒမီဦးသန်းညွန့်)တို့နဲ့ အခုလိုမျိုး ကျန်းကျန်းမာမာ ပြန်တွေ့ရတဲ့ အတွက်လည်း အရမ်းဝမ်းသာမိပါတယ်။ သူဆို အတော်နေမကောင်း ဖြစ်လိုက်သေးတာလေ။” လို့ပြော ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here