မိဘတွေဖြစ်လာတော့မယ့် Taeyang နဲ့ Min Hyo Rin

0
163

မိဘတွေဖြစ်လာတော့မယ့် Taeyang နဲ့ Min Hyo Rin

Big bang အဖွဲ့ဝင် Taeyang နဲ့ သရုပ်ဆောင် Min Hyo Rin တို့ဟာ မကြာခင်မှာ မိဘတွေဖြစ်လာတော့မှာပါ။

Hankook llbo ကနေ Min Hyo Rin မှာ ကိုယ်ဝန်ရှိနေကြောင်းနဲ့ မကြာမီမွေးဖွားဖို့မျှော်လင့်နေတဲ့အကြောင်း ကို စက်တင်ဘာလ ၂၇ရက်နေ့ကထုတ်ဖော်လိုက်တာပါ။

ဒီသတင်းနဲ့ပတ်သက်ပြီး Min Hyo Rin ရဲ့အေဂျင်စီက “ဒါဟာအမှန်ပါ။ Min Hyo Rin ကလည်း အရမ်းမျှော်လင့်ထားပြီး ပျော်ရွှင်စွာနဲ့ စောင့်မျှော်နေတယ်” လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

Taeyang နဲ့ Min Hyo Rin တို့ဟာ ၂၀၁၄ တုန်းက ရိုက်ကူးခဲ့တဲ့ Taeyang ရဲ့ 1AM သီချင်းဗီဒီယိုမှာ ပထမဆုံးတွေ့ဆုံခဲ့ကြပြီး ၂၀၁၈ ဖေဖော် ဝါရီမှာ လက်ထပ်ခဲ့ကြတာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here