ပြည်ပမှ တစ်ဦးချင်း‌မော်တော်ယာဥ်တင်သွင်းခွင့် ရပ်ဆိုင်း

0
241

ပြည်ပမှ တစ်ဦးချင်း‌မော်တော်ယာဥ်တင်သွင်းခွင့် ရပ်ဆိုင်း

နေပြည်တော် စက်တင်ဘာ ၂၈

ပြည်ပမှ တစ်ဦးချင်းမော်တော်ယာဉ် တင်သွင်းခွင့်ပါမစ်ကို ယခုလ (၂၇)ရက်နေ့မှစတင်ကာ ရပ်ဆိုင်းလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှသိရသည်။

ကားအရောင်းစင်တာများ၏အပ်ကုန်စနစ် (Consignment) ဖြင့် ကားတင်သွင်း မှုကိုယခုလကုန်မှစတင်ရပ်ဆိုင်းသွားမည်ဖြစ်သည်။

နိုင်ငံခြားတွင် တပ်ဆင်ပြီး ပြည်တွင်းကို တင်သွင်းသည့် CBU ပါမစ်များကို (စက်တင်ဘာ ၃၀) နောက်ဆုံး လျှောက်ထားရမည် ဟုသိရ သည်။

ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်နေသည့် SKD နှင့် CKD အမျိုးအစား မော်တော်ယာဉ် အစိတ်အပိုင်းများကိုမူ ဆက်လက် ခွင့်ပြု ပေးသွားမည် ဖြစ်သည်။

ယခုနှစ်ကုန် ဇန်နဝါရီ(၁)ရက်နေ့မှစ၍ မော်တော်ယာဉ် တင်သွင်းပါက ယာဉ်အသစ်များကိုသာ တင်သွင်းခွင့်ပြုမည့် မူဝါဒချမှတ်ထားသည် ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here