LA မှာ ဖျော်ဖြေပွဲလုပ်မယ့် BTS

0
185

LA မှာ ဖျော်ဖြေပွဲလုပ်မယ့် BTS

BTS အဖွဲ့ဟာ သူတို့ရဲ့ offline concert ဖြစ်တဲ့”BTS Permission To Dance On Stage-LA”ကို အမေရိကန်နိုင်ငံက Los Angeles မှာ ပြုလုပ်မှာပါ။

Nov 27 ,28 နဲ့ Dec 1,2 တို့မှာ Sofi အားကစားကွင်းမှာ ပွဲ ၄ပွဲ ကျင်းပသွားမှာပါ။

ဒီ offline concert ဟာ BTS အဖွဲ့ရဲ့ Seoul Concert အပြီး ၂နှစ်အတွင်းမှာ ပထမဆုံးပရိသတ်နဲ့ထိတွေ့တဲ့ ပွဲလည်းဖြစ်ပါတယ်။

Offline Concert မတိုင်ခင်မှာတော့ BTS Permission To Dance On Stage Online Concert ကို အောက်တိုဘာလ ၂၄ ရက်နေ့မှာ တိုက်ရိုက်ထုတ်လွှင့်မှာပါ။

BTS အဖွဲ့ရဲ့ LA Concert အကြောင်းကို Weverse မှာကြေငြာပြီးနောက်မှာတော့ Bit Hit Music က “ အခုလိုကိုဗစ် ၁၉ ဖြစ်နေတဲ့အချိန် မှာ ဒီလိုပရိတ်သတ်နဲ့ထိတွေ့တဲ့ ဖျော်ဖြေပွဲတွေ ကျင်းပဖို့ဟာ မလွယ်ကူပါဘူး။ဒါပေမယ့် အခွင့်အလမ်းတွေရှာပြီးမှ ဒေသဆိုင်ရာ ကျန်းမာရေး စည်းကမ်းတွေနဲ့ အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီးနောက်မှာတော့ ငါတို့ဟာ အမေရိကန်ပြည်ထောင်စုမှာ ဂီတ ဖျော်ဖြေပွဲ ကိုကျင်းပနိုင်ခဲ့တယ်။နေရာတွေအများကြီးမှာ ဖျော်ဖြေပွဲတွေ မကျင်းပပေးနိုင်တဲ့အတွက် ထပ်တူ ဝမ်းနည်းရပါတယ်။ အချိန် အကြာကြီးစောင့်ပေးခဲ့ကြတဲ့ ကမ္ဘာတဝှမ်းက ပရိတ်သတ်တွေနဲ့ ကိုရီးယားပရိတ်သတ်တွေအတွက် နောင်ထပ်ဖျော်ဖြေပွဲတွေ ထပ်လုပ်ဖို့ ငါတို့အစွမ်းကုန်ကြိုးစားမယ်”လို့ရေးသားထားပြီး ကြေငြာချက်ကို ဝေမျှခဲ့ပါတယ်။

လက်မှတ်ကြိုတင်ဝယ်ယူမှုနဲ့ အသေးစိတ်အချက်အလက်ကိုတော့ Weverse မှာကြည့်ရှုနိုင်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here