အသက် ၁၂နှစ်မှ ၁၇နှစ်ကြား ကလေးငယ်များကို တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ် ကာကွယ်ဆေးထိုးရန် စီစဉ်

0
71

အသက် ၁၂နှစ်မှ ၁၇နှစ်ကြား ကလေးငယ်များကို တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးရန်စီစဉ်

အသက် ၁၂နှစ်မှ ၁၇နှစ်အတွင်းကလေးငယ်များ ကိုဗစ်ကာကွယ် ဆေးထိုးခြင်း အစီအစဉ်ကို တောင်ကိုရီးယားနိုင်ငံမှာ လာမည့်လအတွင်း စတင်ထိုးနှံသွားမယ်လို့သိရပါတယ်။

အောက်တိုဘာလကုန်ပိုင်းမှာလည်း ကိုရီးယားနိုင်ငံအနေနဲ့ အသက် ၇၅နှစ်နဲ့အထက်သက်ကြီးရွယ်အိုတွေကို ကိုဗစ်ကာကွယ်ဆေး သုံးကြိမ် မြောက် ထပ်မံထိုးနှံပေးမှာဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံရဲ့ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေးဌာနက “ကလေးတွေကို ကာကွယ်ဆေးထိုးချိန်မှာ ရရှိလာမယ့်ဘေးထွက် ဆိုးကျိုးထက် အကျိးကျေးဇူးကပိုများပါတယ်” လို့ဆိုပါတယ်။

ကိုရီးယားနိုင်ငံရဲ့ရောဂါကူးစက်မှုနှုန်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ် အများပြည်သူများရုံးပိတ်ရက်အပြီးမှာ ကူးစက်ခံရသူဦးရေ ၃၀၀၀အထိ မြင့်တက်ခဲ့ရပါတယ်။

အမေရိကန်နိုင်ငံမှာတော့ အသက် ၁၂နှစ်မှ ၁၇နှစ်ကြား ကလေးငယ် ၅၀ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးပြီးသွားပြီ ဖြစ်ပြီး တစ်ချိ့ အနောက်နိုင်ငံတွေနဲ့အာရှနိုင်ငံအချို့ကလည်း ကလေးငယ်များကာကွယ်ဆေးထိုးနှံခြင်းကို အကြံပြုထောက်ခံကြပါတယ်။

Source – CNA


LEAVE A REPLY

Please enter your comment!
Please enter your name here