အောက်တိုဘာ၁ရက်ကစ၍ ဆူးလေ-ရန်ကုန်လေဆိပ် YBSယာဉ်များ ပြန်လည်ပြေးဆွဲမည်

0
576
အောက်တိုဘာ၁ရက်ကစ၍ ဆူးလေ-ရန်ကုန်လေဆိပ် YBSယာဉ်များ ပြန်လည်ပြေးဆွဲမည်
ရန်ကုန်၊စက်တင်ဘာ ၃၀ရက်
 
YBS – Airport Shuttle (အောင်မင်္ဂလာအဝေးပြေး <-> လေဆိပ် <-> ဆူးလေ)(ကမ္ဘာအေးဘုရားလမ်း) ယာဉ်လိုင်းအား အောက်တိုဘာ ၁ရက် တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ယင်းလိုင်းကုမ္ပဏီကပြောသည်။
 
မှတ်တိုင်ရပ်နားရာတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှေ့ရှိ မှတ်တိုင်၌ လုံခြုံရေးသတ်မှတ်ချက်ကြောင့် ရပ်နားသွားမည် မဟုတ်ကြောင်း လည်းပြောကာ ယာဉ်လိုင်းပြေးဆွဲရာတွင် ကမ္ဘာအေးဘုရားလမ်းကို တစ်ခုထဲသာ ယာယီ အသုံးပြုသွားမည်ဖြစ်ပြီး ကမ္ဘာအေးဘုရားလမ်း ပေါ်ရှိ မှတ်တိုင်များကိုသာ အသွား/အပြန်ရောက်ရှိမည်ဟုဆိုသည်။
 
“ပြည်လမ်း လမ်းကြောင်းကိုလည်း မကြာမီပြေးဆွဲသွားနိုင်ရန် ကြိုးစားလျက်ရှိပါတယ်”ဟု ကုမ္ပဏီကဆက်လက်ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here