ဇာတ်လမ်းတွဲအသစ်ထွက်ရှိလာတော့မယ့် Jun Ji Hyun

0
157

ဇာတ်လမ်းတွဲအသစ်ထွက်ရှိလာတော့မယ့် Jun Ji Hyun

မကြာခင်မှာ ပြသတော့မယ့် tvN ဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ Jun Ji Hyun ရဲ့ဇာတ်ကောင်စရိုက် ကို ထုတ်ဖော်ပြသလိုက်ပါတယ်။

လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ Jirisan မှာ Jun Ji Hyun နဲ့အတူ Joo Ji Hoon က ပါဝင်သရုပ်ဆောင်မှာပါ။

Jun Ji Hyun နဲ့ Joo Ji Hoon တို့ဟာ မြန်မာပရိတ်သတ်နဲ့လည်း မစိမ်းတဲ့ အနုပညာရှင် ၂ဦးပါ။

Jun Ji Htun ရဲ့ Legend of the blue sea ဇာတ်လမ်းတွဲဟာ လူကြိုက်များခဲ့သလို Joo Ji Hoon ဟာလည်း Along with the Gods ဇာတ်လမ်းနဲ့ ပရိတ်သတ် အားပေးမှုကို ရရှိထားတဲ့ မင်းသားတယောက်ပါ။

ဒီဇာတ်လမ်းထဲမှာ Jun Ji Hyun က Jiri တောင်ရဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးခေါင်းဆောင် အဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး Joo Ji Hoon ကတော့ တောင်ထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ထမ်းအနေနဲ့ သရုပ်ဆောင်မှာပါ။

Jiri တောင်ပေါ်မှာ ဖြစ်ပွါးခဲ့တဲ့ မတော်တဆမှုရဲ့နောက်ကွယ်က အမှန်တရားကို သူတို့ ၂ယောက်တူးဆွတဲ့အခါမှာ ဘယ်လိုအရာတွေထွက် ပေါ်လာမလဲဆိုတာကတော့ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာပါ။

ဒီဇာတ်လမ်းကိုတော့ Signal နဲ့ Netflix ရဲ့ Kingdom စတဲ့ဇာတ်လမ်းတွေကိုရေးသားတဲ့ စာရေးဆရာ Kin Eun Hee ကရေးသားထားပြီး
Goblin နဲ့ Descendants of the Sun ဇာတ်လမ်းတို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Lee Eung Book က ရိုက်ကူးထားတာပါ။

ဒီဇာတ်လမ်းကိုတော့ အောက်တိုဘာလ ၂၃ ရက်နေ့ကစပြီး KST နဲ့ Viki တို့မှာ ထုတ်လွှင့်ပြသသွားမှာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here